ဘဝမှာ နာမည်ဖျက်တာ၊ တိုက်ခိုက်တာတွေ ကြုံဖူးကြမှာပါ။ အဲဒါကို တကယ်ယုံပြီး အထင်လွဲသွားသူတွေလည်း ရှိမှာပဲ။
ဒါပေမဲ့ "ကိုယ်ကောင်းရင် ခေါင်းမရွေ့ဘူး" ဆိုတဲ့အတိုင်း ကိုယ်တကယ်ကောင်းအောင်သာ နေပါ။ လွဲနေတဲ့ အထင်အမြင်တွေပါ ပြန်တည့်လာပါလိမ့်မယ်။
အခိုက်အတန့်တော့ ခါးသီးစရာ ကောင်းပေမဲ့ စိတ်ရှည်ရှည်သာ ထား။ အချိန်ကပဲ အရာအားလုံးကို အဆုံးအဖြတ် ပေးသွားတာပါပဲ။