22 w - Translate

စိတ်ကောက်နေတယ်ပဲထင်ခဲ့တာ ...

ထုံးစံအတိုင်း ငါတို့တွေ ကတောက်ကဆတွေဖြစ်ကြတယ်ပေါ့ ... တစ်ယောက်နဲ့တစ်ယောက် အနိုင်တွေရအောင် စကားတွေလုရင်း တစ်ယောက်ကို တစ်ယောက် မခေါ်တော့ဘူးဆိုတဲ့ စိတ်တွေနဲ့ အိပ်လိုက်တာ ။ မနက်မိုးလင်းလို့ မင်းစမခေါ်ရင် ငါလဲမခေါ်ဘူးဆိုတဲ့ အတွေးလောက်ပဲ ရှိခဲ့တာ ... အဲ့တာအပြင် လမ်းခွဲမယ် ပြတ်စဲမယ်ဆိုပြီး ငါတို့တွေ ကြိမ်းမောင်းခဲ့ကြတာမှ မဟုတ်တာ ။ ဒီတိုင်းပဲ အဲ့ဒီနေ့က ငါတို့တွေ စိတ်ကောက်ခဲ့ကြတာလေ ။ နောက်ဆုံး အိမ်ယာမ၀င်ခင်ထိ ရန်တွေဖြစ်ရင်း ... အိပ်ခဲ့ကြတာလေ ။

မနက်တွေ မိုးလင်းတော့ ဖုန်းတွေဆက်ထားမလားကြည့်တယ် Missed တွေ မတွေ့ရဘူး စာတွေပို့ထားမလား ကြည့်တယ် ဘာစာမှလဲ ၀င်မထားဘူး ... ဒါပေမယ့် Last online က မနာလိုချင်စရာကောင်းအောင် နောက်ကျလွန်းတာပဲ ။ သူလဲ စိတ်ကောက်နေမှာပဲဆိုတဲ့အတွေးနဲ့ ခဏ မေ့မေ့ပျောက်ပျောက်ထားလိုက်တယ် ... မနက်ခင်းတစ်ပိုင်းလုံး ... စာတွေ ၀င်မလာဘူး ဖုန်းတွေဆက်မလာဘူး ... အင်း ...အဲ့ဒီအချိန်ထိ ကိုယ့်မှာ ဘာစိုးရိမ်ပူပန်တာမှလဲ ရှိမနေသလို ဒီတိုင်း ရန်ဖြစ်ထားကြတာပဲဆိုတဲ့ အတွေးတွေပဲ ရှိနေခဲ့ရုံပါ ။

ညနေခင်းတွေမှာကျတော့ ... အခြေအနေတွေဟာ မတူတော့ဘူး ... မီးစိမ်းနေရဲ့နဲ့ ကိုယ့်ဖက်က မနေနိုင်လို့စပို့မိတဲ့ စာတွေဟာ မ၀င်တော့ဘူး ... သူ ဖုန်းသုံးနေရဲ့နဲ့ ကိုယ်ခေါ်တဲ့ ဖုန်းတွေကို မကိုင်တော့ဘူး ... တချို့အချိန်တွေမှာ ချတောင် ချပစ်လို့ပေါ့ ။ အဲ့လောက်ထိ ဖြစ်သွားစရာအကြောင်းတစ်ခုခုများ ဖြစ်ခဲ့သေးတာလား ပြန်တွေးကြည့်သေးတယ် ။ ဒီအတိုင်း သူ့အကြိုက် ကိုယ့်အကြိုက်မေးရင်း ငြင်းခုန်ဖြစ်ခဲ့ကြရုံပါ ... ဒါပေမယ့် ဘာလို့ စာတွေဟာ မ၀င်တော့ပဲ ဖုန်းတွေဟာ ဆက်မရတော့တာလဲ တွေးမရခဲ့ဘူး ။ အင်း ... စိတ်မကြည်သေးလို့ဖြစ်မှာပါဆိုပြီးပဲ ထပ်ပြီးဖြည့်တွေးလိုက်သေးတယ် ...

ညတွေကျတော့ ... ကိုယ့် သူ့ကို tag ထားတာတွေဟာ သူ့wall ထဲမှာ ရှိမနေတော့ဘူး ... Comment တွေ ပြီးတော့ တချို့ ဆင်တူတင်ထားတဲ့ ပုံလေးတွေ ... အရာရာဟာ တစ်စတစ်စ ပျောက်နေခဲ့တာကို ကိုယ်က ငေးပြီးကြည့်ရင်း သူ ဘာဖြစ်ချင်နေခဲ့တာလဲလို့ပဲ တွေးနေခဲ့မိတာ ။ Status လေးတစ်ခုရှိပါတယ် ... ဘာတဲ့ ... အချစ်စစ်တစ်ခုကို တွေ့ဖို့ အချစ်တုတွေကြား ပင်ပန်းခဲ့ရဖူးတယ်တဲ့ ... စိတ်လေး​ကောက်တာနဲ့ ထိုင်ပြီး Feel နေပြန်ပြီလို့ တွေးပြီး ရီလိုက်မိသေးတာ ။

ဒီကမ္ဘာမှာ မင်းကိုအချစ်ဆုံးပဲဆိုတဲ့ Caption တပ်ပြီး တခြားတစ်ယောက်ပုံထချိန်းမှ ... ငါတို့ ဝေးခဲ့ပြီဆိုတာကို သိခဲ့ရတာ .... တကယ် ဒီကြားထဲက ရက်တွေမှာလေ ကိုယ့်အတွေးထဲမှာ သူက ကိုယ့်ကို စိတ်ကောက်သွားတယ်ပေါ့ အဲ့လောက်ပဲ တွေးခဲ့မိတာ ... အဆင်မပြေတဲ့ ရက်တိုတိုလေးအတွင်းမှာ နောက်တစ်ယောက်ရသွားနိုင်လိမ့်မယ်လို့ တကယ်မထင်ခဲ့ဘူး ... သူငယ်ချင်းတွေက မင်းတို့နှစ်ယောက် ဘာလို့ လမ်းခွဲလိုက်ကြတာလဲလို့မေးရင် မသိဘူးဆိုတဲ့ အဖြေကလွဲရင် ဘာမှ ရှိမနေဘူး ။ ဒီတိုင်းပဲ စိတ်ကောက်ရင်း ဝေးကြတာလို့ ဖြေရမလား ဝေးသွားတာကို စိတ်ကောက်နေတယ်ထင်လို့ပဲ ဖြေရမလား ... မသေချာဘူး ။

image