22 w - Translate

လီဗာပူးလ်အသင်းနဲ့ ရင်ဆိုင်ခဲ့သည့် နောက်ဆုံး(၅)ပွဲဆက် ဂိုးသွင်းယူထားနိုင်တဲ့ ဆွန်

တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ တောင်ကိုရီးယားတိုက်စစ်မှူး ဆွန် ဟောမင်ဟာ အန်းဖီးလ်မှာကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အသင်းအတွက် ဒုတိယချေပဂိုးသွင်းယူပေးနိုင်ခဲ့သည်။ဆွန် အတွက် လီဗာပူးလ်အသင်းနဲ့ ကစားခဲ့သည့် နောက်ဆုံးပရီးမီးယားလိဂ်(၅)ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ စံချိန်ကောင်းတစ်ရပ်ပိုင်ဆိုင်နိုင်ခဲ့သည်။ပရီးမီးယားလိဂ်သမိုင်းတစ်လျောက် လီဗာပူးလ်အသင်းဘက်ကို (၅)ပွဲဆက် ဂိုးသွင်းယူထားနိုင်တဲ့ လက်စတာစီးတီးတိုက်စစ်မှူး ဂျေမီ ဗာဒီရဲ့ စံချိန်ကို အမီလိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ဆွန်ဟာ အန်းဖီးလ်မှာ လာရောက်ရင်ဆိုင်ခဲ့သည့် နောက်ဆုံး(၄)ပွဲဆက် ဂိုးသွင်းယူထားနိုင်သူတစ်ဦးလည်းဖြစ်သည်။သွင်းဂို ရယူနိုင်ခဲ့တဲ့ ဆွန်ဟာ ယခုနှစ်ရာသီ ပရီးမီးယားလိဂ်တွင် သွင်းဂိုး (၁၇)ဂိုး သွင်းယူထားနိုင်ပြီး (၉)ဂိုးဖန်တီးပေးထားနိုင်သူဖြစ်သည်။ဆွန်ရဲ့ တော့တင်ဟမ်ဟော့စပါးအသင်းဟာ ပရီးမီးယားလိဂ်နောက်ဆုံး(၄)ပွဲဆက် ရှုံးနိမ့်ထားပြီး လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက် နည်းပါနေပြီဖြစ်သည်။

image