22 w - Translate

App တွေက Permissions တောင်းရင် သတိပြုတတ်ဖို့

Application တွေကို စမတ်ဖုန်းထဲ ထည့်သွင်းတဲ့အခါမှာ လိုအပ်တဲ့ App တွေ၊ သုံးသင့်တဲ့ App တွေသာ ထည့်သွင်းသင့်ကြောင်း အရင်ရက်က ပြောခဲ့ပြီးပြီဆိုတော့

ဒီနေ့ပြောချင်တာက App တွေကို download ဆွဲပြီး အသုံးပြုကြတဲ့အခါ တောင်းလေ့ရှိတဲ့ App Permissions တွေအကြောင်းပါ။ Permissions တွေတောင်းတဲ့အခါ "Allow Once","Allowing While Using App", "Don't Allow" ဆိုပြီး Option 3 ခုမြင်ဖူးကြမှာပါ။

App တွေကို ဒေါင်းလုဒ်လုပ်ကြတဲ့အခါ App တွေဟာ သူတို့ရဲ့ လုပ်ဆောင်ချက်ကို အပြည့်အဝအလုပ်လုပ်နိုင်ဖို့အတွက် ဖုန်းတစ်လုံးမှာပါဝင်တဲ့ သက်ဆိုင်တဲ့ Function အချို့ကို တောင်းယူကြပါတယ်။ (ဥပမာဆိုရင် Photo Editing App တစ်ခုကို သုံးမယ်ဆိုင် သင့်ရဲ့ Gallery ကို အသုံးပြုခွင့်တောင်းတာမျိုးပါ။ အာ့လိုခွင့်ပြုချက်ရမှ Gallery ထဲက ပုံတွေကို ယူပြီး edit လုပ်ပေးနိုင်မှာဖြစ်ပါတယ်။)

ဒီလိုခွင့်ပြုချက်တွေတောင်းတဲ့နေရာမှာ အချို့ App တွေကတော့ လိုတာထပ်ပိုပြီး တောင်းတက်ကြပါတယ်။ အမြဲတွေ့နေကြမျိုးဆိုရင်တော့ Location တွေတောင်းတာမျိုးပါ။ များသောအားဖြင် ဒီလိုတောင်းကြတာဟာ တချို့ App Company တွေက user တွေရဲ့ အသုံးပြုမှုကို ရယူထားချင်လို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အရင်ပိုစ့်မှာ ပြောခဲ့ဖူးသလို App တွေကို install လုပ်တော့မယ်ဆိုရင် review တွေဖတ်ဖို့ အင်တာနက်မှာ အရင်သေချာလေ့လာပြီးမှ ဒေါင်းလုဒ်လုပ်သင့်ပါတယ်။

အခုနောက်ပိုင်းမှာတော့ နည်းပညာကုမ္ပဏီတော်တော်များများဟာ user တွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို အသုံးပြုသူရဲ့ သဘောတူညီချက်မရှိပဲ ရယူခွင့်မရှိနိုင်အောင် ပြုလုပ်ပေးထားလာတာကြောင့် သင့်စိတ်ကြိုက်ရွေးချယ်ပြုပြင်နိုင်ပါတယ်။ Facebook လိုမျိုး နာမည်ကြီး Social Media App တွေမှာတောင် ကြော်ငြာ (Ads) တွေကို သင့်အကြိုက်ကန့်သတ်နိုင်တာမျိုးတွေကို ပြုလုပ်နိုင်တာပဲဖြစ်ပါတယ်။

ဒါပေမဲ့လည်း နည်းပညာတိုးတက်မှုဟာ အကောင်းအဆိုး ဒွန်တွဲနေတာမို့ မိမိရဲ့ ကိုယ်ရေးအချက်အလက်ကို အတက်နိုင်ဆုံးတော့ ကာကွယ်ရမှာ မိမိတာဝန်ဖြစ်ပြီး မသမာသူတွေကလည်း နည်းမျိုးစုံနဲ့ ခိုးယူဖို့ကြိုးစားနေတယ်ဆိုတာကိုလည်း အမြဲသတိပြုသင့်ပါတယ်။

image