22 w - Translate

၁၈ နာရီထဲနဲ့ အိမ် ၁ လုံးကို 3D Printing နည်းပညာနဲ့ တည်ဆောက်
ပေါ်တူဂီမှာ ပထမဆုံးအနေနဲ့ 3D Printing နည်းပညာနဲ့ အိမ် ၁ လုံးကို တည်ဆောက်လိုက်ပါတယ်။ ၁၈ နာရီထဲနဲ့ ဒီနည်းပညာက အိမ် ၁ လုံးကို တည်ဆောက်နိုင်ခဲ့တာပါ။
ပေါ်တူဂီ ကုမ္ပဏီ ၁ ခု ဖြစ်တဲ့ Havelar က Greater Porto ဧရိယာမှာ တည်ဆောက်လိုက်တာ ဖြစ်ပါတယ်။ အိမ်ဟာ ၈၀ စတုရန်း မီတာ ကျယ်ဝန်းပြီး အိပ်ခန်း ၂ ခန်းပါပါတယ်။ 3D Printer နဲ့ ၁၈ နာရီကြာ တည်ဆောက်ထားပေမယ့် လူတွေက တံခါး၊ ပြတင်းပေါက်၊ ခေါင်မိုးနဲ့ တခြား အချောသတ် တည်ဆောက်မှုတွေကို ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
အိမ်မှာ အိပ်ခန်း ၂ ခန်း၊ ဧည့်ခန်း၊ ထမင်းစားခန်း၊ မီးဖိုချောင်နဲ့ ရေချိုးခန်း ပါပြီး ၁ ထပ်အိမ် ဖြစ်ပါတယ်။ ဒေါ်လာ ၄၀၀,၀၀၀ ပဲ ကုန်ကျတဲ့အတွက် တော်တော် နည်းတယ်လို့ ပြောနိုင်ပါတယ်။
Havelar က အိမ်ကို COBOD ရဲ့ BOD2 Printer နဲ့ တည်ဆောက်ထားတာ ဖြစ်ပြီး ဥရောပရဲ့ အကြီးမားဆုံး 3D Printed အဆောက်အဦးကိုလည်း အဲဒီ Printer နဲ့ပဲ တည်ဆောက်ထားတာ ဖြစ်ပါတယ်။
Ref : digitaltrends
Credit to DigitalTimes

imageimage