22 w - Translate

အမေရိကန်နိုင်ငံရဲ့ အမြင့်ဆုံးအရပ်သားဆုဖြစ်တဲ့ လွတ်လပ်ရေးဆုတံဆိပ်ကို လက်ခံရရှိထားတဲ့ မီချဲလ်ယို

အော်စကာဆုရှင် မလေးရှားနွယ်ဖွားမင်းသမီးကြီး မီချဲလ်ယိုဟာ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဆီက လွတ်လပ်ရေးဆုတံဆိပ်ဖြစ်တဲ့ the Presidential Medal of Freedom ဆုကို မေလ ၃ ရက်နေ့က အိမ်ဖြူတော်မှာ လက်ခံရရှိခဲ့ပါတယ်။ သူ့ကို ဆယ်စုနှစ် ၄ စုအတွင်း သူ့ရဲ့အမိုက်စားဇာတ်ကားတွေနဲ့ လူသိများတဲ့ မင်းသမီးအဖြစ် အိမ်ဖြူတော်ရဲ့ထုတ်ပြန်ချက်မှာ အသိအမှတ်ပြုခံခဲ့ရပါတယ်။

ထုတ်ပြန်ချက်မှာ ၂၀၂၃ ခုနှစ်အတွက် ၉၅ ကြိမ်မြောက် အော်စကာဆုပေးပွဲအတွင်း မီချဲလ်ယိုရဲ့အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုရရှိမှုကို မီးမောင်းထိုးပြခဲ့ပါတယ်။ ဒီဆုတံဆိပ်ကို လက်ခံရရှိခြင်းဖြင့် မီချဲလ်ယိုဟာ Audrey Hepburn နဲ့ Meryl Streep တို့လို မင်းသမီးတွေရဲ့ခြေရာအတိုင်းလိုက်ခဲ့တာပါ။

မီချဲလ်ယိုလက်ခံရရှိခဲ့တဲ့ လွတ်လပ်ရေးဆုတံဆိပ်က အမေရိကန်နိုင်ငံရဲ့အမြင့်ဆုံးအရပ်သားဆုဖြစ်ပါတယ်။ ဒီဆုတံဆိပ်ကို အမေရိကန်နိုင်ငံရဲ့သာယာဝပြောရေး၊ တန်ဖိုးတွေ (သို့) လုံခြုံရေးတွေအတွက် စံနမူနာပြုပံ့ပိုးကူညီမှုတွေပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို ပေးအပ်တာပါ။ ဒီဆုတံဆိပ်ကို လက်ခံရရှိသူတွေက အမေရိကန်နိုင်ငံသားတွေဖြစ်ပေမဲ့ နိုင်ငံသားမဟုတ်တဲ့သူတွေကိုလည်း အရင်က ပေးအပ်ဖြစ်ခဲ့ပါတယ်။

မီချဲလ်ယိုနဲ့အတူ အခြားပုဂ္ဂိုလ် ၁၈ ဦးကလည်း ဒီဆုတံဆိပ်ကို လက်ခံရရှိခဲ့ပါတယ်။

Ref: Michelle Yeoh receives Presidential Medal of Freedom, highest civilian honour of US

image