22 w - Translate

Singapore မှာ US Dollar 9 Billion ထိတိုးချဲ့မြှပ်နှံသွားမယ့် Amazon Web Service

Asia မှာတစ်ဖြည်းဖြည်း Data နဲ့ဆိုင်တဲ့ ဈေးကွက်တွေ အပြိုင်အဆိုင်ဖြစ်လာတော့ Tech Company ကြီးတွေကလည်း အသည်းအသန်မြှပ်နှံဖို့ ဖြစ်လာဟန်ရှိပါတယ်။ AWS ကလည်း အနာဂတ် AI လုပ်ငန်းတွေအတွက် ရည်ရွယ်ပြီး Singapore မှာ Singapore Dollar 12 Billion ( US Dollar 9 Billion) ခန့်ကို ၂၀၂၄-၂၀၂၈ ရင်းနှီးမြှပ်နှံတော့မှာဖြစ်ကြောင့် ကြေငြာပါတယ်။ ခုလက်ရှိ စင်္ကာပူမှာ AWS ရင်းနှီးထားတာ US Dollar 8.5 Billion ခန့်ရှိနေပြီးဖြစ်ပါတယ်။

ခန့်မှန်းမှုတွေအဆိုအရ AWS ရဲ့ရင်းနှီးမြှပ်နှံမှုကြောင့် ၂၀၂၈ မှာ Singapore ရဲ့ GDP ဟာ US Dollar 18 Billion ခန့်ရှိလာမှာဖြစ်ပြီး တစ်နှစ်ကို Full Time အလုပ် ၁၂၃၀၀ ခန့်ထိ အခွင့်အလမ်းတွေ ပေါ်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
စင်္ကာပူအတွင်းမှာ လက်ရှိ AWS ကိုအဓိကသုံးစွဲနေတဲ့ Client တွေကတော့ Grab, Singlife, Synapxe, နဲ့ Singapore ဆိပ်ကမ်းအာဏာပိုင်တွေပဲဖြစ်ပါတယ်။

ဒီရင်းနှီးမြှပ်နှံမှုကြောင့် စင်္ကာပူမှာ အလုပ်ကိုင်အခွင့်အလမ်းတွေ ပိုမိုပေါလာနိုင်ပြီး Cloud နည်းပညာ၊ AI အတွက်လည်း အလှမ်းကျဲကျဲ လှမ်းလာနိုင်မယ်လို့ Singapore AWS Country Manager ကဆိုပါတယ်။ နောက်ပိုင်းမှာ Singapore ရဲ့ Large Language Model ဖြစ်တဲ့ SeaLion နဲ့ အစိုးရပိုင်းဆိုင်ရာတွေမှာလည်း AI နဲ့ Data ပိုင်းဆိုင်ရာ အကျိုးအမြတ်တွေ အတော်လေးများလာတော့မှာပါ။

အာရှမှာတော့ AI နဲ့ Data ပြိုင်ပွဲက ပွဲကြမ်းဖို့အတွက် အရိပ်အယောင်စလာနေပါပြီ။

image