22 w - Translate

သန်းကြွယ်သူဌေးကို အိမ်ရာမဲ့ထင်ပြီး ၁ ဒေါ်လာ သွားလှူတဲ့ကောင်လေး ပြန်ရလိုက်တဲ့လက်ဆောင်

ဒီပုံထဲမှာ မြင်ရတဲ့ ပန်းရောင်ဘောင်းဘီနဲ့ အမျိုးသားက သန်းကြွယ်သူဌေးပါ။ အဲဒီနေ့က သူနေတဲ့ ကွန်ဒိုအခန်းမှာ မီးအချက်ပေးသံ ထွက်ပေါ်လာလို့ အိပ်ယာထဲကနေ ထပြေးလာပြီးတော့မှ မီးလောင်တာမဟုတ်ဘဲ အချက်ပေးသံ မှားယွင်းထွက်ပေါ်ခဲ့မှန်း သိခဲ့ရတာပါ။ ဒါပေမဲ့ ပြန်မအိပ်တော့ဘဲ ကော်ဖီဆိုင်ကို ထွက်လာပြီး ကော်ဖီ မှာထားတာ ဝတ်ပြုဆုတောင်းနေခဲ့ပါတယ်။ သူ့နာမည်က ဘက်စဘစ်ပါ။

အဲဒီအချိန်မှာပဲ သူ့ရှေ့ကို ဆွယ်တာ ဝတ်ထားတဲ့ ချာတိတ်လေးတစ်ယောက် ရောက်လာတယ်။ ၉ နှစ်အရွယ် ချာတိတ်လေးနာမည်က အဲလစ်တဲ့။ အဲလစ်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း သူ့ဆီ လျှောက်လာလို့ ဘက်စဘစ် အံ့အားသင့်နေတုန်း '' ဦးလေးက အိမ်ရာမဲ့ဆိုရင် ကျွန်တော် ၁ ဒေါ်လာ လှူချင်ပါတယ်'' ဆိုပြီး သူ့လက်ထဲကို ဒေါ်လာတစ်ရွက် လာထည့်ပေးသွားတယ်။

တကယ်တော့ အဲလစ်မှာလည်း အဲဒီဒေါ်လာတစ်ရွက်ပဲ ရှိတာပါ။ ဒါတောင် စာမေးပွဲမှာ အမှတ်ကောင်းလို့ သူ့အဖေက အဲလစ်ကို မုန့်ဖိုးပေးထားတာပါ။ အဲလစ်ရဲ့ ကြင်နာတတ်တဲ့စိတ်ထားကြောင့် ဘက်စဘစ် ရင်ထဲမှာ နွေးနွေးထွေးထွေး ခံစားလိုက်ရတယ်။ သူ့ဘဝမှာ အခုလို လူသားချင်းစာနာမှုမျိုး မကြုံခဲ့ရတာ ကြာခဲ့ပါပြီ။ အဲလစ်ရဲ့ ကြင်နာမှုကို တုံ့ပြန်ချင်တဲ့ ဘက်စဘစ်က သူ့ဖွင့်ထားတဲ့ အားကစားပစ္စည်းဆိုင် ခေါ်သွားပြီး '' သား ကြိုက်တာကို ယူ၊ ဦးလေး လက်ဆောင်ပေးမယ်''လို့ ပြောလိုက်တဲ့အခါ အဲလစ်လည်း အံ့သြသွားပါတယ်။ သူ လုံးဝထင်မထားဘူးလေ။

ဘက်စဘစ်က အဲလစ် ကြိုက်တဲ့ လေးတစ်လက်နဲ့ စက်ဘီးသစ်တစ်စီး လက်ဆောင်ပေးခဲ့တယ်။ ကြည်နူးစရာကောင်းတဲ့ သူတို့နှစ်ယောက်ရဲ့ ဖြစ်ရပ်ကလည်း သတင်းပျံ့နှံ့သွားတယ်။ ဘက်စဘစ်ရဲ့ရက်ရောမှုရော၊ အဲလစ်ရဲ့ လူသားချင်းစာနာတတ်မှု၊ ကြင်နာသနားတတ်မှုက ပီတိဖြစ်စရာပါပဲ။ သူတို့နှစ်ယောက်ကတော့ အမေရိကန်နိုင်ငံ၊ လူဝီစီယားနားပြည်နယ်၊ ဘာတန်ရော့ဂျ်မြို့မှာ နေထိုင်ကြသူတွေပါ။

Boy Offered a Dollar to Man He Thought Was Homeless, Gets Richly Rewarded for His Kindness

image