22 w - Translate

Sales & Marketing

Sales & Marketing ကို Marketing လုပ်နေကြတဲ့သူတွေတောင်သိပ်မသိဘူး အထူးသဖြင့် Agency ပေါ့ Page လေးကိုင်ပေးပါရစေဘာညာပေါ့

ဟုတ်ပြီ No.1 သိချင်တာက Designer ကောင်းကောင်းရှိလားပေါ့ နောက်တစ်ခုက Content Writer ပေါ့၊ နောက်တစ်ခုက စျေးရောင်းကောင်းအောင် Video Package, Photo Package ဘာညာလာရောင်းပြီး ၇ သိန်းက နေ ၁၀ သိန်းကျော်အထိတောင်းကြတယ်

ကျွန်တော်တို့ပိုင်ရှင်တွေဘက်ကသိချင်တာ ဟုတ်ပြီ ငါတို့က စျေးရောင်းချင်တာ နင်တို့ဘယ်လိုကူပေးမလဲဆို သူတို့မှာ Idea 💡 ထွက်မလာတော့ဘူး တစ်ချို့ကတော့ ၂ မျိုးလုံးကိုချိတ်ပြီးလုပ်တတ်တယ် ဒါပေမယ့်သူတို့က အလုပ်တွေအများကြီးလက်ခံထားတာ “ပျော်ရွှင်စရာမဂ်လာနှစ်သစ်ဖြစ်ပါစေ” ဘာညာတော့ ငါလဲကိုယ့်ဘာကိုယ် လုပ်တတ်တယ်လေ အဓိက က Professional မဆန်တာ Content Writer ကလဲ Talike ကောင်းရင် Marketing ဘာညာ ကုမ္ပဏီထထောင်တယ် Marketing Knowledge က Zero နော်

နောက်တစ်ခုက Food Blogger ကိစ္စ Food Blogger တွေက သူ့ဟာသူကြေငြာတာလား ဆိုင်ကိုကြေငြာတာလားမသိဘူး Boost ထိုးဖို့ Budget တောင်းရင် ပေးလိုက်ကြတယ် တစ်ကယ်ဆို ကိုယ်က Soft Copy တောင်းပြီး ကိုယ့် Page မှာ ကိုယ် Boost ထိုးပေါ့နော် သူတို့ Page မှာထိုးတော့ သူတို့နာမည်ပိုကြီးတာပေါ့နော် ကျွန်တော် ကျွန်မတို့က သိပ်နားမလည်လို့ ဆိုလဲနားလည်တဲ့သူကိုမေးပေါ့နော်

စားသောက်ဆိုင်ဖြစ်ဖြစ် ဘားဖြစ်ဖြစ်အစားအသောက်ရောင်းတဲ့နေရာမှာ အရေးအကြီးဆုံက အစားအသောက်ပါ အစားအသောက်ကောင်းမှ လူသတင်းလူချင်းဆောင်ပြီးလာစားကြတာပါ ရေနစ်တဲ့အချိန်မှာကောက်ရိုးတစ်မျှင်ဆွဲသလို တစ်ချို့က Food Blogger ဘာညာနဲ့ကြေငြာပါတယ် ခဏပဲဟုန်းခနဲလူဝင်မယ်ပြီးရင်ပြန်အေးသွားရော Food Blogger တစ်ယောက်က ၅ သိန်းလောက်ပေးရပါတယ် သူတို့ပေးမယ့်အစား Customer ကို Direct Promotion ပေးတာပိုထိရောက်ပါတယ် ဘီယာတစ်တာဝါ ၃/၄ သောင်းဖြစ်နေချိန် ဘီယာတာဝါ ၂၀ လောက် ဖရီးပေးပစ်လို့ရပါတယ် သေချာတဲ့ Sales ရပါတယ်

Band အားမကိုးပါနဲ့ Band တွေကလဲစျေးရောင်းတဲ့အခါ အပတ်တိုင်းပုံမှန်ဝင်ချင်တော့ အထိုင်ရက်ပေးတာကိုယူကြတာမှားပါတယ် ဒီရက် ဒီ Band ဒီသီချင်းကို Customer ကကြာတော့ရိုးလာပါတယ်

အဆိုတော်ထည့်မယ်မစဉ်းစားနဲ့ ရှုံးဖို့က ၅၀% ကျော်သေချာတယ် အဆိုတော်စျေးကို ဆိုင်ကြီးတွေတောင်လိုက်မပေးနိုင်ဘူး

အဆိုတော်ရှိတဲ့နေ့လူများပြီး မရှိတော့ ဆိုင်ကိုလူမလာတော့ဘူး Sales က Drop ဖြစ်သွားရော ကိုယ်က Band၊ Music ပေးတယ်ဆိုတာ Extra Service အနေနဲ့ပဲဖြစ်သင့်ပါတယ်

အဓိက က Sales & Marketing ကို မချိတ်ကြတာ Marketing အရမ်းတော်လဲ စျေးကွက်နဲ့စျေးဆိုတာရှိသေးတယ် တစ်ချို့ဆိုရှိသမျှ Food Bloggers အစုံအားနဲ့တွန်းတာတောင် Sales ကကိုယ်လိုချင်တဲ့ Sales မရဘူး

နာမည်ကြီးနေတဲ့ကော်ဖီဆိုင် ကအကိုနဲ့ မနေ့ကစကားပြောဖြစ်တော့ အကို Sales တွေကျတယ်အကိုတဲ့ မနည်းရုန်းနေရတယ်ပြောလို့ ပြုံးမိတယ် အကိုက ကော်ဖီနဲ့ နို့ ပဲ သုံးရတာ Inflation ကို Stock စုပြီး တောင့်ခံလို့ရသေး ဒီမှာ နေ့စဉ်စျေးတွေတက်နေတာ စျေးအမှာဆိုတဲ့ Group ထဲ ဝင်တောင်မကြည့်ချင်ဘူးလို့ 😀😀😀

ဒီအချိန်ဆိုင်ဖွင့်ဖို့ဆ်ု အားမပေးပါဘူး

ဆိုင်တစ်ဆိုင်ဒီအချိန်မှာဖွင့်ဖို့ဆို

၁။ ငှါးခ - ကိုယ်ပိုင်နေရာဖြစ်မှအဆင်ပြေပါမယ်

၂။ မီးစက် + ဆီဖိုး - အခုနောက်ပိုင်း ဒံပေါက် Chain တစ်ခုက ၄/၅ ဆိုင်တပ်ထားပြီးဖြစ်တဲ့ EV Battery လိုဟာမျိုး မီးစက်အစားထိုးကို တစ်ခါရင်း (စျေးကမီးစက်စျေးနီးပါးတော့ရှိ) မဟုတ်ရင် Solar ကို Storage မပါတဲ့ အပြားကြီးတပ် တိုက်ရိုက်သုံးတာမျိုးအဆင်ပြေပါတယ်

၃။ Manpower - ဒီတစ်ခုကတော့ Trainer ကောင်းကောင်းနဲ့သေချာ Train နိုင်မှ အဆင်ပြေမယ်

၄။ Inflation - ဒီကောင်ကို Overcome ဖြစ်ဖို့မလွယ်ဘူး ရှေ့လျှောက်တော်တော်ရုန်းကန်ရမယ်

မိတ်ဆွေတစ်ယောက်ကပြောဖူးတယ် အကိုတို့လုပ်ငန်းက ငွေအေးကိုထည့်ထားလိုက်ရင်ရပြီမလားတဲ့ မဟုတ်ဘူးအကို မလုပ်တတ်ရင်လတိုင်းရှုံးတာ တစ်ချို့ဆိုင်ကြီးဆို တစ်လ ၂၀၀/၃၀၀ ရှုံးတယ်လို့ သူက နှစ်ဖက်သွားဓားလိုပဲ အကိုင်မတတ်ရင်လက်ရှတယ်

အဲ့တော့ Sales နဲ့ ချိတ်တဲ့ Marketing ကအရမ်းအရေးကြီးလာပါတယ် Master Brain 🧠 တစ်ယောက်က ရှယ်တွန်းနေမှရတာပါ အထူးသဖြငိ့ ပိုင်ရှင်ကိုယ်တိုင် တွန်းတဲ့ဆိုင်တွေအောင်မြင်တယ် တစ်ချို့ ပိုင်ရှင်ဆို ကိုယ်တိုင် Design ဆွဲတာ Psd နော် အကောင်းစား Design သူကိုယ်တိုင်ဆွဲတတ်တယ် ဆွဲလဲဆွဲတယ် US ပြန်ဆိုတော့ အိုင်ဒီယာအရမ်းကောင်းတယ် သူ့ Design တွေကကြွထွက်နေရာပဲ ဘယ်သူဆွဲလဲမေးတော့ ပိုင်ရှင်တဲ့ 😀😀😀

မြန်မာပြည် Marketing ကတော့ ဝုန်းတဲ့အခါဝုန်း ကြမ်းတဲ့အခါကြမ်း ခပ်ဖြည်းဖြည်းဆွဲတင်ရတဲ့အခါဆွဲတင်ရတယ်

Influencers & Celebrity နဲ့ Relationship ကလဲအရမ်းအရေးကြီးပါတယ် သူတို့ကို ကြည့်တဲ့သူကများတာကိုး