22 w - Translate

တောင်အာဖရိကမှာ ဆောက်လုပ်ဆဲ ငါးထပ်တိုက်ပြိုကျမှု နှစ်ယောက်သေပြီး ဒါဇင်များစွာ ပိတ်မိနေ

တောင်အာဖရိကနိုင်ငံမှာ ဆောက်လုပ်ဆဲ ငါးထပ်တိုက်ပြိုကျမှုကြောင့် လူနှစ်ယောက် သေဆုံးပြီး ဒါဇင်များစွာ ပိတ်မိနေပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းတွေ အပူတပြင်းလုပ်ဆောင်နေပါတယ်။

ဒီမတော်တဆမှုဟာ အနောက်ကိပ်ပြည်နယ် ဂျော့ဂျ်မြို့မှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူ ၂၂ ယောက်ကို အပျက်အစီးတွေအောက်ကနေ ကယ်ထုတ်ပြီး ဆေးရုံပို့ထားကြောင်း ကယ်ဆယ်ရေးသမားတွေကပြောပါတယ်။

အဆောက်အဦပြိုကျချိန်မှာ အလုပ်သမား ၇၅ ယောက်ပါတဲ့ အဖွဲ့တဖွဲ့ လုပ်ငန်းခွင်မှာရှိနေပြီး ၅၀ ကျော် ပိတ်မိနေကာ မတော်တဆမှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

အပျက်အစီးတွေအောက်က ကယ်ထုတ်နိုင်ခဲ့သူ ၂၂ ယောက်ထဲက နှစ်ယောက်ကတော့ ဆေးရုံးအရောက်မှာ ဒဏ်ရာတွေကြောင့် သေဆုံးသွားပါတယ်။ ပိတ်မိနေသူအချို့နဲ့ အဆက်အသွယ်ရရှိထားပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အနံ့ခံခွေးတွေနဲ့ ယန္တယားကြီးတွေ အသုံးပြုလုပ်ဆောင်နေပါတယ်။

အဆောက်အဦအမိုး အစိတ်အပိုင်းတွေဟာ အပျက်အစီးတွေအပေါ်မှာ ပိမိနေပြီး အဆောက်အအုံတ ခုလုံး ပြိုကျသွားခဲ့တာဖြစ်တယ်လို့ ဒေသန္တရတာဝန်ရှိသူတယောက်က ပြောပါတယ်