22 w - Translate

ဘောလုံးဂိမ်းစ်ကစားသူဘဝကနေလက်တွေ့ဘောလုံးကမ္ဘာထဲ ရောက်လာသူ

(၁၈၉၂) ခုနှစ်တွင် တည်ထောင်ခဲ့သော ဘရွန်လေအသင်းသည် အသင်းသမိုင်းတစ်လျှောက် အပျော်တမ်းအဆင့်နှင့် အင်္ဂလန်အောက်တန်းအဆင့်ပြိုင်ပွဲများတွင်သာ ကျင်လည်ခဲ့ရသည့်အသင်းဖြစ်သည်။လာမည့်ရာသီတွင် ဘရွန်လေအသင်းသည် အသင်းသက်တမ်း(၁၃၂)နှစ်အတွင်း ပထမဆုံးအနေဖြင့် အင်္ဂလန်ဘောလုံးလိဂ်ပြိုင်ပွဲ၌ ပါဝင်ကစားခွင့်ရတော့မည်ဖြစ်သည်။(၂၀၂၄)National League play-off ဗိုလ်လုပွဲတွင် ပြိုင်ဘက်ဆိုလီဟားလ်မိုးစ်အသင်းကို ဘရွန်လေအသင်းက ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရပြီး အင်္ဂလန်ဘောလုံးလိဂ်အောက်ဆုံးအတန်းဖြစ်သည့် League Two ၌ လာမည့်ရာသီတွင် တန်းတက်ကစားခွင့်ရမည်ဖြစ်သည်။ယင်းကဲ့သို့ ဘရွန်လေအသင်း သမိုင်းဝင်အောင်မြင်မှုရရှိရာ၌ ဘောလုံးဂိမ်းစ်ကစားသူတစ်ဦးက အဓိက အခန်းကဏ္ဍကနေ ပါဝင်နေသည်။နာသန်အီဝိုလာဘီဆိုသူ Football Manager ဂိမ်းစ်ကစားသူတစ်ဦးကို ဘရွန်လေအသင်းက အသင်းသို့ခေါ်ယူပြီး နည်းစနစ်ပိုင်းအကြံပေး(Support Performance Tactician)အဖြစ် ခန့်အပ်ထားခြင်းဖြစ်သည်။အီဝိုလာဘီသည် သူကျွမ်းကျင်စွာကစားနေသော Football Manager 2024 (FM24) ဂိမ်းစ်ထဲမှ အတွေ့အကြုံများအတိုင်း လက်တွေ့ဘဝမှ ဘရွန်လေအသင်းကို နည်းစနစ်ပိုင်းဆိုင်ရာအကူအညီများ ပေးခဲ့ရပြီး ယခုသူ၏ ကူညီထောက်ပံ့မှုများနှင့်အတူ အသင်းမှာ အောင်ပွဲရရှိခဲ့ပြီဖြစ်သည်။လန်ဒန်မြို့ရှိ ဝင်ဘယ်လေကွင်းတွင် ဧည့်လမ်းညွှန်တစ်ဦးအဖြစ် အလုပ်လုပ်ကိုင်ခဲ့သူ အီဝိုလာဘီအတွက် စိတ်ကူးကမ္ဘာထဲ ဘောလုံးဂိမ်းစ်ကစားသူဘဝကနေ လက်တွေ့ဘောလုံးကမ္ဘာထဲ အမှန်တကယ်ရောက်လာခဲ့ခြင်းဟု ဆိုရမည်ဖြစ်သည်။

image