22 w - Translate

စူပါမန်းဇာတ်ကားသစ်မှာပါဝင်မယ့် ဒေးဗစ် ကိုရမ်စဝက်တ်ရဲ့စူပါမန်းဇာတ်ကောင်ပုံရိပ်အသစ်ထွက်ရှိလာ

ဒါရိုက်တာဂျိမ်းစ် ဂန်ရဲ့ “Superman: Legacy” ဇာတ်ကားအသစ်မှာ စူပါမန်းအဖြစ် ပါဝင်မယ့် မင်းသား ဒေးဗစ် ကိုရမ်စဝက်တ်ရဲ့စူပါမန်းဝတ်စုံနဲ့ ပုံရိပ်အသစ် ထွက်ရှိလာခဲ့ပါတယ်။ ဒီပုံကို ဒါရိုက်တာဂျိမ်းစ်ဂန်က မေလ ၆ ရက်နေ့မှာ မျှဝေခဲ့တာပါ။ စူပါမန်းက ထိုင်ရင်း သူ့ရဲ့လည်ရှည်ဖိနပ်အနီရောင်ကို စီးနေတဲ့ပုံရိပ်ပါပဲ။ "အဆင်သင့်ဖြစ်ပါပြီ။ Superman 7.11.25" လို့လည်း စာရေးသားထားပါတယ်။

အရင် စူပါမန်းဇာတ်ကားတွေမှာ ပါဝင်ခဲ့တဲ့ ဟင်နရီကာဗေးက စူပါမန်းမဟုတ်တော့ဘဲ စူပါမန်းအဖြစ် ဒေးဗစ် ကိုရမ်စဝက်တ်ပါဝင်တဲ့ ဒီဇာတ်ကားအသစ်က ၂၀၂၅ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့မှာ ထွက်ရှိမှာဖြစ်ပါတယ်။ စူပါမန်းနဲ့ချစ်ကြိုက်မယ့် သတင်းထောက် လူးဝစ်လိန်းအဖြစ် မင်းသမီး ရစ်ချယ် ဘရိုစနာဟန်လည်း ပါဝင်ထားပါတယ်။

Ref: David Corenswet featured as Superman in new image for upcoming James Gunn-directed film

image