22 w - Translate

ခေတ်ကိုက ဖောက်ပြန်တာ ၊ cheatလုပ်တာတွေကို အထာကျတယ်ထင်ပြီး normalizeလုပ်ပြီး လက်ခံနေတဲ့ခေတ် ဖြစ်လာတာပဲ ။

" ငါက သူ့ကို အပျော်တွဲတာလေ ၊ ငါတော့ ဘယ်သူ့ကို
ပလေး လိုက်နိုင်တာ ၊ ငါတော့ ဘယ်သူ့ကို ဘယ်လို အသဲခွဲလိုက်တာ " ဆိုတဲ့ စကားတွေက ကြွားလို့ကောင်းတဲ့ စကားတွေ မဟုတ်ဘူး ။ အထာကျတာလဲ မဟုတ်ဘူး ။ အဲဒါ ကျက်သရေတုန်းတာ ။ အဆင့်အတန်းမရှိဘူးလို့ ခေါ်ပါတယ် ။

လူရယ်လို့ ဖြစ်လာရင် လူမှုပတ်ဝန်းကျင်ကို အကျိုးမပြုနိုင်ရင်နေ ၊ ကိုယ့်ကိုယ်ကိုယ်တော့ လူပီသအောင် နေရတယ် ။ လူမှုအသိုင်းဝိုင်းမှာ မလုပ်သင့်တဲ့ အပြုအမူ ၊ လက်မခံသင့်တဲ့ အပြုအမူဆိုတာ ရှိပါတယ် ။

ဖောက်ပြန်တယ်ဆိုတာလေ လူချင်းပေါင်းသင်း နေထိုင်နေမှ ဖောက်ပြန်တာမဟုတ်ဘူး ။ လူက ကိုယ့်အနားရှိနေပြီး စိတ်က တခြားသူဆီ ရောက်နေတာလဲ ဖောက်ပြန်တာပါပဲ ။ ဖောက်ပြန်ခြင်းမှာ ယောက်ျား ၊ မိန်းမနဲ့ မဆိုင်ဘူး ။ အဲဒီလူတစ်ယောက်ရဲ့ သန္ဓေနဲ့ပဲ ဆိုင်ပါတယ် ။

ကိုယ့်မှာ Relationshipနဲ့ ပတ်သက်ပြီး traumaတွေရှိရင်လည်း ကိုယ့်traumaကိုယ် အရင်ကုစား ၊ ရှေ့လူကို မမေ့နိုင်လို့ နောက်လူနဲ့ အစားမထိုးနဲ့ ။ နောက်လူမှာ ဘာအပြစ်မှ မရှိဘူး ။ လူတစ်ယောက်ရဲ့ စိတ်ခံစားချက်နဲ့ အသည်းနှလုံးဆိုတာ ကစားစရာ မဟုတ်ဘူး ။ လူတစ်ယောက်ကို တကယ် မချစ်ဘဲနဲ့ အပျော်တွဲ ၊ တွေ့ရာလူနဲ့ စိတ်ကစားရအောင်အထိ အချိန်တွေ အားနေရင် အဲ့ဒီအစား ကိုယ့်တိုးတက်ရာ တိုးတက်ကြောင်းအတွက် လုပ်နေလိုက်တာ ပိုကောင်းပါတယ် ။

ဖောက်ပြန်တဲ့ လူတွေကသာ ဖောက်ပြန်ကြတာနော် သူတို့ကသာ ပျော်ပါးပြီး နေနိုင်တာ ၊ ဖောက်ပြန်ခံရသူတွေကတော့ ကမ္ဘာပျက်နေရောပဲ ။ စိတ်ဒဏ်ရာ အလိမ်းလိမ်းနဲ့ အလူးအလိမ့် ခံစားရတာ။

တကယ်တော့ အရာအားလုံးဟာ အဆုံးသတ်မှာ တန်ရာ တန်ရာပဲ ကောင်းပါတယ် ။ ဘယ်လောက်ပဲ သစ္စာရှိရှိ ၊ တစ်ယောက်ဆို တစ်ယောက် ဘယ်လောက်အထိ မြတ်မြတ်နိုးနိုး ချစ်ပေးပေး တန်ဖိုးမထားတဲ့သူက တန်ဖိုးမထားဘူးပါဘူး ။ ဖောက်ပြန်ချင်တဲ့သူက ဖောက်ပြန်မှာပါပဲ ။
လူတိုင်းက တန်ဖိုးထား ယုယပေးဖို့ ထိုက်တန်တာမှ မဟုတ်တာ ။ တန်ဖိုးမသိတဲ့သူရဲ့ လက်ထဲမှာတော့ ချစ်ခြင်းမေတ္တာဆိုတာ အမြဲ စျေးပေါရစမြဲပါပဲ ။

image