22 w - Translate

နိုင်ငံခြားမှာ Marketing 6.0 တောင်ထွက်နေပြီ...
မြန်မာနိုင်ငံမှာတော့ Marketing 2.0 ဖြစ်အောင်တောင် Client တွေကို မနည်းဆွဲခေါ်နေရတုန်း 😁

ကမ္ဘာကြီးက အချိန်နဲ့အမျှပြောင်းလဲနေသလိုပဲ
Marketing ကလဲ ခေတ်အလိုက်ပြောင်းလဲပါတယ် ✅

အဖိုးတို့ခေတ်တုန်းက Marketing 1.0 ကနေ
ယနေ့ခေတ်မှာဆို Marketing​ 6.0 ပေါ်လာတဲ့အထိပါပဲ

ပြောင်းလဲလာတဲ့ Marketing တစ်ခုချင်းစီအကြောင်းကို အကြမ်းဖျင်းလေးရှင်းပြပေးပါ့မယ် ✨🤗

=====

Marketing 1.0

အဖိုးတို့ခေတ်တုန်းကပေါ့

ပစ္စည်းအသစ်အဆန်းတွေ ထုတ်နိုင်ရင်ဆရာကြီးပဲ

ပစ္စည်း​များများ​ထုတ်ပြီး စျေးကွက်ထဲ
များများသွင်းနိုင်လေ များများရောင်းရလေပဲ...

ကုန်​ပစ္စည်းအသားပေး Marketing လို့လဲခေါ်တယ်

=====

Marketing 2.0

ကိုယ်ရောင်းချင်တာရောင်းမလား?
Customer လိုချင်တာကို ရောင်းမလား စတွေးလာပြီ

Customer တွေရဲ့ အကြိုက်၊ Customer​ တွေရဲ့လိုအပ်ချက်အပေါ်မူတည်ပြီး ထုတ်လုပ်မှုပုံစံတွေ၊
ပစ္စည်းစျေးနှုန်း၊ အရည်အသွေးတွေ ပြောင်းလာတယ်

Customer အသားပေး Marketing လို့လဲခေါ်တယ်

=====

Marketing 3.0

နောက်တော့ စျေးရောင်းတယ်ဆိုရင် ဘေးပတ်ဝန်းကျင်ကိုလဲ ပြန်ကြည့်ပါဆိုတဲ့ ခေတ်ဖြစ်လာတယ်

ဥပမာ ကိုယ်က ဒီရွာမှာ စီးပွားရေးလုပ်တာဆိုရင်
ဒီရွာသူရွာသားတွေရဲ့ တိုးတက်ရေး၊
ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုပါ ကြည့်ခိုင်းတာပေါ့

People,​ Profit Planet တို့၊ Corporate Social Responsibility (CSR) လို အတွေးအခေါ်ပေါ်လာတယ်

=====

Marketing 4.0

Traditional Marketing နဲ့ Digital Marketing ပေါင်းတဲ့ခေတ်ပေါ့...

အရင်လို အပြင်ဆိုင်မှာ ကိုင်ကြည့်ပြီးဝယ်တာထက်
Website တွေကနေ Review တွေကြည့်ပြီး ခလုတ်တစ်ချက်နှိပ်ရုံနဲ့ ဝယ်လို့ရအောင် ဖန်တီးနိုင်လာတယ်

ဘယ်ကဝယ်ဝယ်အဆင်ပြေအောင်လုပ်ကြတာမလို့ Omnichannel Marketing လို့လဲခေါ်တယ်

=====

Marketing 5.0

Contextual Marketing
Predictive Marketing
Augmented Marketing
Data Driven Marketing
Agile Marketing ဆိုတဲ့ Concept​ တွေစပြီးသုံးလာတယ်

ကျွန်တော်​အကြိုက်မိဆုံးကတော့ Agile Marketing ပေါ့​

Agile Marketing ဆိုတာ​ အချိန်ကာလအပေါ်မူတည်ပြီး ကိုယ် Marketing လုပ်နေတဲ့ပုံစံကို လိုတဲ့အချိန် လိုသလိုပြောင်းလဲနိုင်တဲ့အထိ Flexible ဖြစ်တဲ့ Marketing မျိုးပါ

Agile Marketing မှာ အရင် Marketing ဌာနတွေလို လူတွေအများကြီးမပါတော့ပဲ၊ တကယ်ဆရာကျတဲ့လူအနည်းငယ်နဲ့ပဲ အစအဆုံး​ run တာမျိုးတွေ ပါဝင်လာတယ်

မြန်မြန်အိုင်ဒီယာထုတ်၊
မြန်မြန်အကောင်အထည်ဖော်
မြန်မြန်အလုပ်ဖြစ်တဲ့နည်းတွေရှာတွေ့တာမလို့ တခြား Marketing တွေထက် ပိုအလုပ်ဖြစ်လာတယ်

=====

Marketing 6.0

Marketing + Technology သဘောမျိုးပါပဲ

Marketing ကျွမ်းတာတင်မဟုတ်ပဲ Technology ပါ​ အစွမ်းကုန်အသုံးချနိုင်တဲ့လုပ်ငန်းတွေက နေရာပိုရလာမယ်...

Customer က ဆိုင်ကိုလာစရာမလိုပဲ ဆိုင်ကိုရောက်နေသလိုမျိုးခံစားရတဲ့အထိဖြစ်အောင် AR တွေ၊ VR တွေသုံးပြီး ဖန်တီးလို့ရလာမယ်...

Physical + Digital ပေါင်းပြီး Customer Experience ကို အကောင်းဆုံး​ဖြစ်အောင်လုပ်တာမျိုးပေါ့

မြန်မာနိုင်ငံမှာတော့ အဝေးကြီးလိုပါသေးတယ် 😅

=====

ဒါက အကြမ်းဖျင်းသဘောတရားတွေကို ပြောတာပါ

တစ်ဆင့်ချင်းစီတိုင်းမှာ သက်ဆိုင်ရာ Concept တွေ၊ အတွေးအခေါ်တွေ ရှိပါသေးတယ်..

ဒီမှာတော့ "ငါရောင်းချင်တာရောင်းမယ်၊ ဝယ်ချင်မှ ဝယ်" ဆိုတဲ့ Marketing 1.0 သမားတွေပဲ များကြတယ်😁

Customer ရဲ့ စကားသံတွေ၊ လိုအပ်ချက်တွေကို စောင့်ကြည့်ပြီး Marketing လုပ်နေ​တဲ့ Page Admin​ ဆိုတာ လက်ချိုးရေလို့ရပါသေးတယ်...

ဒါလေးကိုဖတ်ပြီး Marketing 1.0 to 6.0 ကိုအကြမ်းဖျင်းလေးတော့ နားလည်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်🤗💖