နိုင်ငံခြားမှာ Marketing 6.0 တောင်ထွက်နေပြီ...
မြန်မာနိုင်ငံမှာတော့ Marketing 2.0 ဖြစ်အောင်တောင် Client တွေကို မနည်းဆွဲခေါ်နေရတုန်း 😁
ကမ္ဘာကြီးက အချိန်နဲ့အမျှပြောင်းလဲနေသလိုပဲ
Marketing ကလဲ ခေတ်အလိုက်ပြောင်းလဲပါတယ် ✅
အဖိုးတို့ခေတ်တုန်းက Marketing 1.0 ကနေ
ယနေ့ခေတ်မှာဆို Marketing 6.0 ပေါ်လာတဲ့အထိပါပဲ
ပြောင်းလဲလာတဲ့ Marketing တစ်ခုချင်းစီအကြောင်းကို အကြမ်းဖျင်းလေးရှင်းပြပေးပါ့မယ် ✨🤗
=====
Marketing 1.0
အဖိုးတို့ခေတ်တုန်းကပေါ့
ပစ္စည်းအသစ်အဆန်းတွေ ထုတ်နိုင်ရင်ဆရာကြီးပဲ
ပစ္စည်းများများထုတ်ပြီး စျေးကွက်ထဲ
များများသွင်းနိုင်လေ များများရောင်းရလေပဲ...
ကုန်ပစ္စည်းအသားပေး Marketing လို့လဲခေါ်တယ်
=====
Marketing 2.0
ကိုယ်ရောင်းချင်တာရောင်းမလား?
Customer လိုချင်တာကို ရောင်းမလား စတွေးလာပြီ
Customer တွေရဲ့ အကြိုက်၊ Customer တွေရဲ့လိုအပ်ချက်အပေါ်မူတည်ပြီး ထုတ်လုပ်မှုပုံစံတွေ၊
ပစ္စည်းစျေးနှုန်း၊ အရည်အသွေးတွေ ပြောင်းလာတယ်
Customer အသားပေး Marketing လို့လဲခေါ်တယ်
=====
Marketing 3.0
နောက်တော့ စျေးရောင်းတယ်ဆိုရင် ဘေးပတ်ဝန်းကျင်ကိုလဲ ပြန်ကြည့်ပါဆိုတဲ့ ခေတ်ဖြစ်လာတယ်
ဥပမာ ကိုယ်က ဒီရွာမှာ စီးပွားရေးလုပ်တာဆိုရင်
ဒီရွာသူရွာသားတွေရဲ့ တိုးတက်ရေး၊
ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုပါ ကြည့်ခိုင်းတာပေါ့
People, Profit Planet တို့၊ Corporate Social Responsibility (CSR) လို အတွေးအခေါ်ပေါ်လာတယ်
=====
Marketing 4.0
Traditional Marketing နဲ့ Digital Marketing ပေါင်းတဲ့ခေတ်ပေါ့...
အရင်လို အပြင်ဆိုင်မှာ ကိုင်ကြည့်ပြီးဝယ်တာထက်
Website တွေကနေ Review တွေကြည့်ပြီး ခလုတ်တစ်ချက်နှိပ်ရုံနဲ့ ဝယ်လို့ရအောင် ဖန်တီးနိုင်လာတယ်
ဘယ်ကဝယ်ဝယ်အဆင်ပြေအောင်လုပ်ကြတာမလို့ Omnichannel Marketing လို့လဲခေါ်တယ်
=====
Marketing 5.0
Contextual Marketing
Predictive Marketing
Augmented Marketing
Data Driven Marketing
Agile Marketing ဆိုတဲ့ Concept တွေစပြီးသုံးလာတယ်
ကျွန်တော်အကြိုက်မိဆုံးကတော့ Agile Marketing ပေါ့
Agile Marketing ဆိုတာ အချိန်ကာလအပေါ်မူတည်ပြီး ကိုယ် Marketing လုပ်နေတဲ့ပုံစံကို လိုတဲ့အချိန် လိုသလိုပြောင်းလဲနိုင်တဲ့အထိ Flexible ဖြစ်တဲ့ Marketing မျိုးပါ
Agile Marketing မှာ အရင် Marketing ဌာနတွေလို လူတွေအများကြီးမပါတော့ပဲ၊ တကယ်ဆရာကျတဲ့လူအနည်းငယ်နဲ့ပဲ အစအဆုံး run တာမျိုးတွေ ပါဝင်လာတယ်
မြန်မြန်အိုင်ဒီယာထုတ်၊
မြန်မြန်အကောင်အထည်ဖော်
မြန်မြန်အလုပ်ဖြစ်တဲ့နည်းတွေရှာတွေ့တာမလို့ တခြား Marketing တွေထက် ပိုအလုပ်ဖြစ်လာတယ်
=====
Marketing 6.0
Marketing + Technology သဘောမျိုးပါပဲ
Marketing ကျွမ်းတာတင်မဟုတ်ပဲ Technology ပါ အစွမ်းကုန်အသုံးချနိုင်တဲ့လုပ်ငန်းတွေက နေရာပိုရလာမယ်...
Customer က ဆိုင်ကိုလာစရာမလိုပဲ ဆိုင်ကိုရောက်နေသလိုမျိုးခံစားရတဲ့အထိဖြစ်အောင် AR တွေ၊ VR တွေသုံးပြီး ဖန်တီးလို့ရလာမယ်...
Physical + Digital ပေါင်းပြီး Customer Experience ကို အကောင်းဆုံးဖြစ်အောင်လုပ်တာမျိုးပေါ့
မြန်မာနိုင်ငံမှာတော့ အဝေးကြီးလိုပါသေးတယ် 😅
=====
ဒါက အကြမ်းဖျင်းသဘောတရားတွေကို ပြောတာပါ
တစ်ဆင့်ချင်းစီတိုင်းမှာ သက်ဆိုင်ရာ Concept တွေ၊ အတွေးအခေါ်တွေ ရှိပါသေးတယ်..
ဒီမှာတော့ "ငါရောင်းချင်တာရောင်းမယ်၊ ဝယ်ချင်မှ ဝယ်" ဆိုတဲ့ Marketing 1.0 သမားတွေပဲ များကြတယ်😁
Customer ရဲ့ စကားသံတွေ၊ လိုအပ်ချက်တွေကို စောင့်ကြည့်ပြီး Marketing လုပ်နေတဲ့ Page Admin ဆိုတာ လက်ချိုးရေလို့ရပါသေးတယ်...
ဒါလေးကိုဖတ်ပြီး Marketing 1.0 to 6.0 ကိုအကြမ်းဖျင်းလေးတော့ နားလည်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်🤗💖