22 w - Translate

" ရေစစ်သုံးခု " ဖတ်ကြည့်နော် အရမ်းတန်ဖိုးရှိတယ်😇

တစ်နေ့မှာတော့ ဆိုကရေးတီး(စ်)ရဲ့
တပည့်တစ်ယောက်က သတင်းတစ်ခုကြားလို့
သူ့ကို လာပြောသတဲ့ ။
လာပြောတဲ့ သူ့တပည့်ကို ဆိုကရေးတီး(စ်)က
ပြန်ပြောလိုက်တာလေးကို မှတ်သားသင့်လို့ပါ ။

"ဆရာ !
ဆရာ့သူငယ်ချင်းရဲ့သတင်းတစ်ခုကို
ကျွန်တော်အခုပဲ ကြားလာတယ်"

" နေဦး
ငါ့ကိုမပြောခင် မင်းစကားဟာ
ရေစစ်သုံးခုကို ဖြတ်နိုင် မဖြတ်နိုင်အရင်စစ်ရမယ်"

"ဘယ်လို ရေစစ်သုံးခုလည်းဆရာ"

"ပထမ ရေစစ်နာမည်က အမှန်တရားတဲ့။

မင်းပြောတဲ့ စကားလုံးက လုံးဝရာခိုင်နှုန်းပြည့်
အမှန်ဖြစ်မဖြစ်ဆိုတာ ပထမရေစစ်ထဲထည့်ရမယ် ။

မင်းပြောတဲ့ စကားလုံးဟာ လုံဝအမှန်ဖြစ်တယ်လို့
မင်း ရာနှုန်းပြည့် တာဝန်ယူနိုင်လား"

"ကျွန်တော်လည်း သူများဆီက ကြားလာတာဖြစ်လို့
ရာနှုန်းပြည့် မသေချာပါဘူးဆရာ"

"အေး ကောင်းပြီ ။ ဒုတိယရေစစ်နဲ့ စစ်ရအောင်"

"ဒုတိယရေစစ်ဆိုတာ ဘာလဲဆရာ"

"ဒုတိယ ရေစစ်နာမည်က ကောင်းကျိုးတဲ့ ။
မင်း အခုပြောမဲ့စကားက ကောင်းကျိုးကို
ဖြစ်စေမှာလား "

"မကောင်းတာဘဲ ဖြစ်ဖို့ များပါတယ်ဆရာ"

"ဒါဆို မင်းပြောတဲ့စကားလုံးက မှန်လည်းမမှန်ဘူး
မကောင်းတာလည်း ဖြစ်ဖို့များတယ်ပေါ့ "

"ဟုတ်ပါတယ်ဆရာ"

" အေး နောက်ဆုံးကျန်တဲ့ရေစစ်ထဲ ထည့်ကြည့်ရအောင် "

"ဘာရေစစ်လည်း ဆရာ"

" အဲဒီရေစစ်နံမည်က "အသုံးဝင်မှု"တဲ့။

မင်း ငါ့ကို ပြောမဲ့စကားက အသုံးဝင်မှုဖြစ်စေမှာလား

" အမ် သိပ်မသေချာဘူးဆရာ "

" ဒါဆို မင်းငါ့ကိုလာပြောမဲ့ဟာက
မှန်လည်းမမှန်ဘူး

မကောင်းတာလည်း ဖြစ်ဖို့များတယ်

ပြီးတော့ အသုံးဝင်ဖို့လည်း သိပ် မသေချာဘူးဆိုရင်
ငါ့ကိုဘာဖြစ်လို့ လာပြောချင်ရတာလဲ " တဲ့။

မီးခိုးဆိုတာ မီးရှို့သူ ရှိမှ ထွက်ပါတယ် ။

မီးမွှေးတဲ့လူ မဖြစ်ကြပါစေနဲ့။

မီးငြှိမ်းတဲ့သူပဲ ဖြစ်ကြပါစေ။

အတင်းအဖျင်းစကား တောင်စဉ် ရေမရ
အဓိပါယ်မရှိတဲ့စကားတွေကို
နားလည်း မထောင်ပါနဲ့ ။
လက်ဆင့်ကမ်းတဲ့သူလည်း မဖြစ်ပါစေနဲ့တဲ့ ။

#crd

image