22 w - Translate

ယောကျ်ားလေးတစ်ယောက်ရဲ့ စိတ်ချမ်းမြေ့ရဆုံးအချိန်ပြောပါဆိုရင် ပိုက်ဆံမရှိတဲ့အခါ အနားမှာ
ပါရမီဖြည့်ပေးတဲ့မိန်းကလေး တစ်ယောက်ရှိမယ်။

အလုပ်ပင်ပန်းရင် ခွန်အားပေးစကားပြောတယ်၊
နေမကောင်းတဲ့အခါဂရုစိုက်ဖို့ ခဏခဏ ပြောပေးတယ်၊ လိုအပ်တာမှန်သမျှ ပံ့ပိုးပေးမယ်၊ ထောက်ခံပေးတယ်၊ ယုံကြည်ပေးတယ် စသဖြင့်ပေါ့။

မိန်းကလေးတစ်ယောက်ရဲ့ အပျော်ရွှင်ဆုံးအချိန်ပြောပါဆိုရင် ဘုရင်မတစ်ပါးလို အစွမ်းကုန်ချစ်ပေးမဲ့ ယောကျ်ားလေးတစ်ယောက်ရှိမယ်။

စိတ်ပင်ပန်းလာတဲ့အခါ မှီစရာပခုံးတစ်စုံ ရှိနေပေးတယ်၊ဝမ်းနည်းပြီး မျက်ရည်ကျလာရင် မျက်ရည်သုတ်ပေးတယ်၊စိတ်ဆိုး စိတ်ကောက်ရင် ချော့ပေးတယ်၊မှားတာရှိရင် သွန်သင်ဆုံးမပေးတယ်၊ချမ်းတဲ့အခါ ဖက်ထားပေးတယ်၊အလုပ် ဘယ်လောက်များများ အချိန်ပေးတတ်သူ၊ကိုယ့် အပေါ် သစ္စာရှိသူ
စသဖြင့်ပေါ့။

ဒါကြောင့် ကိုယ့်ဘဝရဲ့ခက်ခဲတဲ့အချိန် အတောအတွင်း ဘေးနားမှာ အဆိုးအကောင်း
မျှဝေခံစားပေးတဲ့သူကို မမေ့ဖို့လိုတယ်။

အောင်မြင်လာတဲ့အခါ တစ်ချိန်လုံးအနား ရှိပေးသူကို သစ္စာဖောက်မသွားဖို့ လိုတယ်။

ဒါမှ ကြည်နူးစရာကောင်းတဲ့ Relationship တစ်ခုဖြစ်မှာပါ။

ပျော်ရွှင်ခြင်းအနှစ်သာရစာအုပ်မှ-

မေတ္တာဖြင့်
ကောင်းဆက်သူ ဒေါနမြေ

image