22 w - Translate

မောင်းသူမဲ့ ဘတ်စ်ကားတွေကို တောင်ကိုရီးယားမှာ အသုံးပြုနေပြီ
=====================================

တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့မှာ ညဘက်တွေမှာ ဘတ်စ်ကားတွေကို ပြေးဆွဲပေးထားပါတယ်။ ဒါပေမယ့် ယာဉ်မောင်းတွေက ညဘက် ကား မမောင်းချင်ကြပါဘူး။ အဲဒီအတွက် အစိုးရက ညဘက်တွေမှာ မောင်းသူမဲ့ ဘတ်စ်ကားတွေကို ပြေးဆွဲပေးနေပါတယ်။

ဆိုးလ် အနောက်ဘက်ရှိ Hapjeong နဲ့ အရှေ့ပိုင်းရှိ Dongdaemun Station အကြား ၉.၈ ကီလိုမီတာ ခရီးကို ည ၁၁ နာရီခွဲကနေ နံနက် ၅ နာရီ ၁၀ အထိ ပြေးဆွဲပေးနေပါတယ်။ မှတ်တိုင် ၄၀ ကိုပို့ဆောင်ပေးပြီး ခရီစဉ် တစ်ကြောင်းကို မိနစ် ၇၀ ကြာမြင့်ပါတယ်။

စမ်းသပ်ပြေးဆွဲတဲ့ ကာလမှာ မောင်းသူမဲ့ စနစ်က အမှားအယွင်းဖြစ်ရင် ထိန်းကြောင်းပေးဖို့ လုံခြုံရေး ယာဉ်မောင်း ၁ ဦးကို လိုက်ပါစေတယ်လို့ ဆိုးလ် အာဏာပိုင်တွေက ပြောပါတယ်။ ကားမှာ ထိုင်ခုံ ၂၃ ခု ပါဝင်ပြီး မတ်တပ်ရပ်စီးတဲ့ ခရီးသည်တွေကို စမ်းသပ်ကာလမှာ ခွင့်မပြုထားပါဘူး။

လက်ရှိမှာ ဘတ်စ်ကား စီးနင်းခ ပေးစရာ မလိုပါဘူး။ မောင်းသူမဲ့ စနစ်ဟာ ဘေးကင်းစိတ်ချရတယ်လို့ စစ်ဆေးပြီးရင် ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်ထဲမှာ ဘတ်စ်ကားခပေးရမှာ ဖြစ်ပါတယ်။

Ref : theverge
Credit digitaltimes

image