22 w - Translate

မကြာခင် ရွေးကောက်ပွဲ တတိယအဆင့်ကို ရောက်လာတော့မယ့် အိန္ဒိယမှာ အစိုးရက ပြည်တွင်းပဲဖူလုံရေးကို ရှေးရှုပြီး ကုလားပဲ သွင်းကုန်ခွန် ပယ်ဖျက်တာနဲ့ စားတော်ပဲဝါ အခွန်လွတ်တင်သွင်းခွင့် သက်တမ်းတိုးတာတွေကို တပြိုင်တည်း ကြေညာခဲ့ပါတယ်။ အဲဒီပဲတွေဟာ အိန္ဒိယသားတွေရဲ့အခြေခံစားကုန်တွေ ဖြစ်ပြီး ရွေးကောက်ပွဲကာလမှာ ဈေးတက်တာတွေ မဖြစ်အောင်လို့ အစိုးရက စီမံပေးတာ ဖြစ်ပါတယ်။ တချိန်တည်းမှာ တရားမဝင် ပဲသိုလှောင်သူတွေကို ကွင်းဆင်း စစ်ဆေး ဖော်ထုတ်တာတွေလည်း လုပ်နေပြီး ပဲဈေးတွေ အရမ်း မတက်အောင် ထိန်းကျောင်းနေတယ်လို့ သိရပါတယ်။

image