22 w - Translate

ဒါလေး 3 ခု သိရင် Marketing စလုပ်လို့ရပါပြီ

အဲ့ဒါကတော့ What ၊ Who နဲ့ How ပါ

- ကိုယ်ဘာရောင်းမယ်ဆိုတာရယ်
- ဘယ်သူတွေကို ရောင်းမယ်ဆိုတာရယ်ကို
တိတိကျကျသိရင် Marketing စလုပ်လို့ရပါပြီ ✅

အရေးကြီးတာက 'တိတိကျကျ'သိဖို့တော့လိုပါတယ်

=====

ကိုယ်ရောင်းနေတဲ့ပစ္စည်းအကြောင်းတောင်မသိတဲ့ စျေးသည်ဆီကနေ ဘယ်သူမှမဝယ်ချင်််ပါဘူး..✅

ဒါ့ကြောင့် ကိုယ့်ပစ္စည်းရဲ့
- အားသာချက်တွေ
- အားနည်းချက်တွေ
- ပါဝင်တဲ့အရာတွေ
- စွမ်းဆောင်နိုင်စွမ်းတွေ
- အာမခံနိုင်တဲ့အရာတွေကို သိထားဖို့လိုပါတယ်..

Admin တို့ကော?..
Page မှာရောင်းနေတဲ့ ပစ္စည်းတွေရဲ့အကြောင်း ဂဃနဏ​သိရဲ့လား?

ခေါင်းအစ၊ ခြေအဆုံးသိပါတယ်ဆိုရင်
နောက်တစ်ဆင့်တက်လို့ရပါပြီ ✅😁

=====

ဆံပင်မရှိတဲ့ကတုံးတစ်ယောက်ကို
ခေါင်းလျှော်ရည်ထိုးရောင်းလို့ရနိုင်မလား?

ကိုယ်​ဘာ​ရောင်းမလဲ သိပြီဆိုရင်
ဘယ်သူ့ကိုရောင်းမလဲဆိုတာ စဥ်းစားရပါတယ်✅

ဒီလို စဥ်းစားတဲ့အခါ Customer ရဲ့တနေ့တာကို မျက်လုံးထဲမှာ ပုံဖော်ပြီး မြင်ယောင်ကြည့်ပါ

ဥပမာ ကြေးအိုးရောင်းတာဆိုရင်ကိုယ့် Customer က
- အသက် 20ကနေ 30ကြား လူငယ်ဖြစ်မယ်
- ဝင်ငွေကောင်းတဲ့လူမျိုးဖြစ်နိုင်သလို၊ မုန့်ဖိုးကောင်းကောင်းရတာမျိုးလဲဖြစ်နိုင်တယ်
- နေ့လည်ပိုင်း အလုပ်တွေလုပ်ပြီး အလုပ်တွေပြီးတဲ့အချိန် ကိုယ့်​ချစ်သူ၊ မိသားစုနဲ့ ကြေးအိုးသွားစားဖို့ ချိန်းတာမျိုးဖြစ်နိုင်မယ်
- ဖုန်းသုံးတဲ့အချိန်အများစုက မနက််နိုးတဲ့အချိန်နဲ့ ညနေအလုပ်တွေပြီးတဲ့အချိန်ဖြစ်လိမ့်မယ်...
- ညကျရင် မိသားစု၊ သူငယ်ချင်းတွေကို အချိန်ပေးပြီး နောက်နေ့အတွက်အားဖြည့်ဖို့ အိပ်ကြလိမ့်မယ်

အစရှိသဖြင့် Cus ရဲ့ တနေ့တာကိုမြင်ယောင်ကြည့်ပါ

အကယ်၍ မြင်ယောင်လို့မရရင် ကိုယ့်ရဲ့ VIP customer တွေ၊ ကိုယ့်ရဲ့ ဖောက်သည်တွေကို မေးမြန်းကြည့်ပါ..

Data ပို​တိတိကျကျသိလေ ပိုကောင်းလေပါပဲ ✅

=====

Customer ရဲ့အကြောင်းသိပြီဆိုရင်
ဘယ်လိုရောင်းမလဲ (How) ​စဥ်းစားလို့ရပါပြီ

စောနက ကြေးအိုးနဲ့ဆက်ပြောရရင်

- Customer တွေက Online က ဝယ်စားတာများရင် Facebook မှာ များများကြော်ငြာမယ်...
- Engagement Goal တွေ၊ Message Goal တွေနဲ့ Messenger လာမေးအောင် Boost လုပ်မယ်ပေါ့
- Messenger​ ကနေရောင်းမယ်၊ Deli အပ်မယ်..​

- Customer​ တွေက အပြင်မှာ ဝယ်စားတာများရင် ဘယ်နှပွဲစားရင် တစ်ပွဲ Free ဆိုပြီး Loyalty ကဒ်တွေလုပ်ပေးမယ်
- Facebook​ မှာ Page ထောင်ပြီး ဆိုင်ဖွင့်ထားကြောင်း လူတွေသိအောင် အသိပေးမယ်..
- Message Goal မသုံးတော့ပဲ Engagement Goal တွေ၊ Reach Goal တွေနဲ့ လူများများမြင်အောင်လုပ်မယ်

=====

လူအများစုက ဒီနေရာမှာနည်းနည်းတိုင်ပတ်ကြပါတယ်

ဘယ်လိုရောင်းလို့ရနိုင်မလဲဆိုတာ မသိကြလို့ပါ

အကယ်၍ ကိုယ်စဥ်းစားလို့မရရင် သူများတွေ
- ဘယ်လိုရောင်းနေလဲ?
- ဘယ်လို​လူတွေမြင်အောင်လုပ်ကြလဲ?
- Customer အသစ်ရအောင် ဘာတွေလုပ်ကြလဲ?
- ကိုယ်ကော ဒီဆိုင်ကို ဘယ်လိုစသိတာလဲ?
အစရှိသဖြင့် တစ်ဆိုင်ပြီးတစ်ဆိုင်လေ့လာပါ

သူတို့ရဲ့နည်းလမ်းတွေကို ပြန်သုံးကြည့်ပါ ✅

တချို့နည်းလမ်းတွေက အလုပ်ဖြစ်တာရှိမယ်
တချို့နည်းလမ်းတွေက အလုပ်မဖြစ်တာရှိမယ်

အလုပ်ဖြစ်တဲ့နည်းလမ်းကို ရွေးချယ်ပြီး ကြိုးစားပါ💖

=====

ဒီ 3 ခုကို သိပြီဆိုရင် သင်စျေးစရောင်းလို့ရပါပြီ 🌟

စုံစမ်းမေးမြန်းမှုတွေ ရလာပြီဆိုရင်
Customer​ ရလာဖို့ Chance ရှိလာပါပြီ...​✨🤗

ပိုပြီးရောင်းအားကောင်းချင်ရင် စျေးရောင်းနေတာကို လူတွေမြင်အောင် ဘယ်လိုလု​ပ်လို့ရနိုင်သေးလဲ (How) ​ဆိုတာကို ထပ်မံလေ့လာပါ...

Marketing နည်းလမ်းတိုင်းကို စမ်းသုံးကြည့်ပါ ✅

သင့်စီးပွားရေးလုပ်ငန်းရဲ့ What,​ Who နဲ့ How ကို
တိတိကျကျ ကွဲကွဲပြားပြားသိပြီလားနော် 💖