22 w - Translate

"အစုံသုပ်"လုပ်နည်း
*********************
ထည့်သုပ်ရတဲ့အမယ်များပါတယ်
လုပ်စားလို့ရအောင်ရေးပေးပါမယ်

ဂျုံခေါက်ဆွဲဖတ် ၊ ဆန်ကြာဆံ ၊ ညှပ်ဖတ်
ပဲပင်ပေါက်လှော် ၊ ငှက်ပျောဖူးပါးပါးလှီး
သခွားသီးပါးပါးလှီး၊ ကြက်သွန်နီ ၊ တိုဟူး
ဂေါ်ဖီထုပ်ပါးပါးလှီး ၊ နံနံပင် ၊ ရှောက်ရွက်
ပဲပြားကြော်၊ အာလူးပြုတ်
ထမင်းဆီနယ် ( ငရုတ်သီးအရောင်တင်မှုန့်ကိုဆီသပ်ပြီး
ထမင်းနဲ့နယ်တာပါ )၊ သင်္ဘောသီး
စသဖြင့်တို့လိုအပ်ပါတယ်
ထည့်သုပ်စားဖို့အတွက်က
ကြက်သွန်နီဆီချက် ၊ ကြက်သွန်ဖြူ ဆီချက်
မန်ကျည်းမှည့်ရည် ၊ ငန်ပြာရည် ၊ ပုစွန်ခြောက်မှုန့်
ငရုတ်ဆီ ( ငရုတ်သီးအရောင်တင်မှုန့်ကိုဆီသပ်တာပါ )
ပဲအကျက်မှုန့် ၊ ငရုတ်သီးအလှော်မှုန့် တို့လိုပါအပ်ပါတယ်

ဟင်းခါးပူပူလေးကိုတော့
ကြွက်နားရွက်မှို ၊ ပဲပင်ပေါက် ၊ ဂေါ်ဖီ
ငါးဖယ်လုံး ၊ ငရုတ်ကောင်း
ကြက်သွန်ဖြူ တို့နဲ့ချက်ပါတယ်
မူရင်းရေးသားသူအားလေးစားစွာဖြင့် Creditပေးပါတယ်
#cooking

image