22 w - Translate

▪️Universe ဆိုတဲ့ စကားလုံးကို ရေရွတ်ကြည့်လိုက်တိုင်း စိတ်ထဲမှာ အတော်အင်အားတွေ ပြည့်သွားသလို ခံစားရပါတယ်။ ဉာဏက Universe ရဲ့ သဘောတရားတွေကို နက်နက်ရှိုင်းရှိုင်း ယုံကြည်သက်ဝင်တဲ့သူ တစ်ယောက်ပါပဲ။ ဒါပေမယ့်.. အဲဒီအကြောင်းတွေကို အကျယ်တဝင့် ရေးသားပြောဆိုဖြစ်တဲ့သူတော့ မဟုတ်ပါဘူး။

▪️ဒီအပတ်ထဲမှာ ဆရာမ မွန်ဟော်စီရဲ့Universe စာအုပ်လေးကို ပထမဆုံးအကြိမ်ဖတ်ဖြစ်ခဲ့စဉ်က ဉာဏအနေနဲ့ အင်မတန် စိတ်လှုပ်ရှားနေခဲ့ပါတယ်။ ဉာဏ သိပ်ကို စိတ်ဝင်စားမိတဲ့အကြောင်းအရာတွေ ဖြစ်လို့ပါပဲ။ စာအုပ်ကိုင်ထားတဲ့ လက်ဖျားတွေတောင် တုန်ယင်နေတဲ့အထိပါ။

► ဆရာမအနေနဲ့ ဒီစာအုပ်လေးကို သေသေချာချာ အားစိုက်ထုတ်ကာ ရေးသားထားတယ်ဆိုတာကိုလည်း မြင်သာသလို.. ဒီစာအုပ်လေးထဲမှာ ပါဝင်နေတဲ့ Energy ကိုလည်း ခံစားရပါတယ်။ စာအုပ်လေးရဲ့အဖွင့် Introduction ကအစ အတော်စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

▪️Spiritual Path ကို လျှောက်လှမ်းခဲ့တာကြောင့် ဘဝမှာငြိမ်းချမ်းမှုတွေ အများကြီးရခဲ့တယ်။ လက်ခံတတ်လာသလိုလွှတ်ချတတ်လာတယ်။ အောင်မြင်မှုတွေ အများကြီးရခဲ့တယ်။ မေတ္တာတရားနဲ့ နေထိုင်ခြင်း၊ ကျေးဇူးတရားနဲ့နေထိုင်ခြင်းဟာ ဘယ်လောက်အထိ မိမိစိတ်ကို လုံခြုံစေသလဲ ဆိုတာကို Spirituality က အကြိမ်ကြိမ်အခါခါ သက်သေပြခဲ့တယ်။ The Universe has my back . Universe ဟာ ကျမရဲ့နောက်မှာ မာမားမတ်မတ်ရပ်တည်ပေးခဲ့တယ်လို့ပြောရမှာပဲ ဖြစ်ပါတယ်.. တဲ့ ။

► Introduction မှာ ပါဝင်တဲ့ ဒီစာသားတွေဟာ ဉာဏရဲ့ဘဝတလျောက်မှာ ကြုံခဲ့ရတဲ့အရာတွေ အတော်များများနဲ့ တထပ်တည်းကျခဲ့ပါတယ်။ အဲဒီတော့ ရင်ထဲမှာ တငြိမ့်ငြိမ့်နဲ့ လှိုက်လှိုက်လှဲလှဲ ခံစားရပါတယ်။

ဆက်လက်ပြီး ဒီစာအုပ်ထဲမှာ Universe ရဲ့ သိကောင်းစရာ အကြောင်းအရာတွေကို ဆရာမက အများကြီး ရှင်းပြထားပါတယ်။ ဆရာမ ရေးပြထားတဲ့အထဲက အင်မတန်ကြိုက်တဲ့ သဘောတရားတစ်ခုကို ဖော်ပြပါရစေ .. ။

▪️လိုချင်တာ ရပါစေ.. ဆုတောင်းတွေ ပြည့်ပါစေ၊ ရည်မှန်းချက်တွေ အောင်မြင်ပါစေဆိုပြီး Universe ကိုကလေးလေးတယောက်လို လက်ဖြန့်တောင်းကြတယ်။

ဒါကို Manifestation လို့ ဆိုကြတယ်။ ဒီလို သူ့ကို တောင်းရင်လိုချင်တာ အကုန်ရမယ်၊ ကောင်းတာတွေအကုန်လုံး သူက ပေးနိုင်တယ်လို့ ထင်ကြတယ်။ တကယ်တော့ Universe ဆိုတာလည်း ကံအလုပ် ဖြစ်ပါတယ်။

ကျေးဇူးတရား၊ မေတ္တာတရား၊ ငြိမ်းအေးမှု၊ ငြိမ်သက်မှုယုံကြည်မှုသဒ္ဓါတရားနဲ့ ကုသိုလ်အလုပ်တွေပဲ ဖြစ်ပါတယ်။
ဒီအလုပ်တွေနဲ့ဆိုရင် ဘဝမှာမတောင်းဘဲနဲ့ကို ပြည့်နိုင်တဲ့ဆုတွေရှိပါတယ်။ အကျိုးကို ရလာဖို့ အကြောင်းကို ဖန်တီးလိုက်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

"ဒါကြောင့် Universe ဆိုတဲ့အရာကို အဝေးမှာ သွားရှာဖို့မလိုပါဘူး။ အဲဒီ Universe ဆိုတဲ့အရာဟာ မိမိရင်ထဲ နှလုံးသားထဲမှာ အနီးကပ်ဆုံး ရှိနေတတ်ပါတယ်။ ကိုယ်တိုင်ဟာ ကိုယ့်ရဲ့Universe ပါပဲ"လို့ ဆရာမက ရေးသားထားပါတယ်။

▪️ဒီရေးသားချက်တွေဟာ တကယ့်ကို မှန်ကန်လွန်းပါတယ်။ ဉာဏအမြင်အရ..အခု ဖြစ်ပျက်နေကြတာ အတော်များများက Spiritual ကို အပေါ်ယံလောက်သာ လေ့လာ၊ Law of attraction သဘောတရားတွေနဲ့ Manifestation တွေ လုပ်၊ ကိုယ်လိုချင်တဲ့အရာကိုရဖို့ အသည်းအသန်တွေ ကြိုးပမ်းကြပါတယ်။ ဒါကိုပဲ Spiritual လမ်းကြောင်းကို လျှောက်လှမ်းနေတယ်လို့ ထင်တတ်ကြပါတယ်။

ကိုယ်တိုင်ကတော့ Universe ကို ဘာပေးမလဲလို့ မစဉ်းစားကြဘဲ Universe ဆီက ဘာတွေရမလဲဆိုပြီးပဲ အရင်ဆုံး စဉ်းစားကြပါတယ်။ အတောမသတ်နိုင်တဲ့ဆန္ဒတွေနဲ့ ပူလောင်ကြတယ်။ ကိုယ်နဲ့ မထိုက်တန်သေးတာတွေကို လောဘတကြီး တောင်းဆိုကြတယ်။

► Universe ရဲ့ ဥပဒေသအရ မိမိနဲ့မထိုက်တန်ရင် ဘယ်အရာမှ ရလေ့မရှိပါဘူး။ မိမိ Energy နဲ့ ကိုက်ညီတဲ့အရာ၊ မိမိစိတ်ဓာတ်နဲ့ ထိုက်တန်တဲ့ဘဝကိုသာ ရရှိမှာ ဖြစ်ပါတယ်။ ဒီသဘောတရားကို ဉာဏ အကြွင်းမဲ့ ယုံကြည်လက်ခံထားပါတယ်။

ဆရာမရဲ့ Universe စာအုပ်က ပေးချင်တဲ့ Message ကလည်း " ကိုယ်လုပ်သမျှ ကိုယ်ပြန်ရမယ်"၊ "ကိုယ်စိုက်သမျှ ကိုယ်ပြန်ရိတ်သိမ်းရမယ်"ဆိုတဲ့ ကမ္မနိယာမကို ဦးတည်ထားတယ်လို့ ခံစားမိပါတယ်။ ဒါကြောင့် ဖတ်ရှုရတာ အင်မတန်စိတ်ကျေနပ်မိပါတယ်။

📌 ဒီစာအုပ်လေးဟာ Spiritual ဆိုင်ရာ သဘောတရားတွေကို လမ်းမှားမသွားစေအောင်.. ၊ ဝေဝါးမသွားစေအောင်.၊ ကံ..ကံရဲ့အကျိုးကို သွေဖယ်မသွားစေအောင်.. ၊ ရိုးရှင်းတည့်မတ်တဲ့ အယူအဆတွေနဲ့ ရှင်းလင်းဖော်ပြထားပါတယ်။

Spiritual လမ်းကြောင်းကို လျှောက်လှမ်းနေသူတွေနဲ့ ၊ ကံနဲ့ ကံရဲ့အကျိုးကို သက်ဝင်ယုံကြည်သူတိုင်းအတွက်.. ပိုမိုလေးလေးနက်နက်လေ့လာနိုင်စေဖို့.. မှန်ကန်တဲ့လမ်းကြောင်းတွေကို မီးမောင်းထိုးပြထားတဲ့ စာအုပ်ကောင်းလေးတစ်အုပ် ဖြစ်ပါတယ်။
#

image