22 w - Translate

လိုတာထက်မပိုနဲ့
••••••••••••••••••••••

••••ဘယ်သူ့ကိုမဆို ရောပြီးပေါင်းသင်းတတ်တာ ကောင်းပေမယ့် ဘယ်အရာမဆို လိုတာထက်မပိုတာ အကောင်းဆုံး ပဲ။

••••အချစ်ပဲ ဖြစ်ဖြစ် စေတနာပဲဖြစ်ဖြစ် လိုတာထက် ပိုပေးမိရင် တန်ဖိုးမဲ့သွားတာပဲလေ
မတန်ဘူးထင်ရင် လိုတာထက် မပိုမိစေနဲ့။

••••တစ်စုံတစ်ယောက်ကို လိုတာထက်ပို ဂရုစိုက်ကြည့် ချစ်ကြည့် အချိန်တန်ရင် နောက်ဆုံးပစ်ချသွားတာချည်းပဲမဟုတ်လား??

•••••အပေါင်းအသင်း တွေကြားမှာ အားနာတတ်တဲ့ စိတ်နဲ့ အရာအားလုံးကို လိုတာထက် ပိုလုပ်ပေးကြည့် သူ့အလိုလို ကိုယ်က လိုသုံးကြီးဖြစ်သွားတာပဲလေ။

•••••တန်ရင်ဆေး မလိုရင်ဘေးပါပဲ တစ်ခါတစ်လေ ကိုယ့်စိတ်နဲ့မတန်ပေမယ့် ကိုယ့်စိတ်က ပြုပြင်မရတဲ့ ဇွတ်ကောင်းစိတ်ကြောင့် မာနနဲ့ သိက္ခာတွေပါထိခိုက်တတ်ကြတယ်။

•••••မပြောပဲနေလိုက်ရတဲ့အခိုက်အတန့်တွေရှိပေမယ့် ကိုယ့်ဘဝနဲ့ကိုယ် ကိုယ့်စိတ်ကြောင့် ဖြစ်လာတဲ့ အရာတွေမို့ ဆင်ချင်လိုက်ရတဲ့အခိုက်အတန့်တွေရှိတယ်။

•••••ပိုနေသမျှ အရာအားလုံးက ကိုယ့်ဘက်က စေတနာ မေတ္တာမှန်ပေမယ့် တစ်ဖက်လူအတွက်တော့ အမှိုက်သာသာပါပဲ ဒါကြောင့်
ဘယ်သူအပေါ်ကိုမှ လိုတာထက်ပို မဆက်ဆံပါနဲ့ ပုံမှန်လေးပဲ ကောင်းပါတယ်။

•••••သိက္ခါနဲ့မာနကိုထိပါးပြီး လိုတာထက် ပိုဆက်ဆံမိလိုက်တဲ့အခိုက် တန်ပြန်ရတာက
ကိုယ်ပဲ ခံစားရတာမို့ တစ်ချို့တွေက
လိုတာထက် ပိုပြီးပေးလိုက်မိရင် တန်ဖိုးထားရကောင်းမှန်းမသိကြဘူးဆိုတာ ပိုသိလာတယ်။

•••••ဒါကြောင့် ကိုယ့်သိက္ခာကိုယ့်မာနကို ထိပါးပြီး ကိုယ့်မေတ္တာ ကိုယ့်စေတနာတွေကို စျေးပေါပေါနဲ့ တန်ဖိုးအဖြတ်မခံပါနဲ့ကိုယ့်သိက္ခာ ကိုယ်ထိန်ပြီးဘယ်သူ့ ကိုမှ လိုတာထက် ပို မဆက်ဆံတာအကောင်းဆုံးပါပဲ။

image