22 w - Translate

⚜️ ဥရောပတိုက်ရဲ့ 16 ရာစုနှစ်အတွင်းမှာဖြစ်ပွါးခဲ့တဲ့ Queen Elizabeth I of England နဲ့ King Phillip II of Spain တို့ကြားကတိုက်ပွဲဟာ နိုင်ငံရေးအယူအဆနဲ့ ဘာသာရေးအယူအဆကွဲပြားမှုတွေကနေတဆင့် တဖြည်းဖြည်း လောင်ကျွမ်းလာခဲ့ရတာပဲဖြစ်ပါတယ်။ England ရဲ့ Elizabeth ဟာ 1558 မှာနန်းတက်ခဲ့ပြီး သူမဟာ သူမရဲ့အဖေ King Henry VIII နဲ့ မောင်တော် King Edward VI တို့လို Protestant ကိုထောက်ခံတာကြောင့် Elizabeth နန်းတက်တာကို Catholic ဘာသာဝင်နိုင်ငံ Spain ရဲ့ King Phillip II က လုံးဝမကျေနပ်ပဲ အပြစ်သားတစ်ယောက်သဖွယ်သတ်မှတ်ထားခဲ့ပါတယ်။ Phillip ဟာ Elizabeth ရဲ့အမတော် Mary Tudor ( Queen of England ) နဲ့ လက်ထပ်ထားခဲ့သူလဲဖြစ်ပြီး Elizabeth နဲ့ Mary Staurt ( Queen of Scots ) ကြားမှာလဲ ရန်ငြိုးရန်စတွေ အမုန်းတရားတွေပေါ်ပေါက်လာအောင် ကြားထဲကနေ သွေးထိုးလှုံဆော်ပေးခဲ့သူပဲဖြစ်ပါတယ်။ Elizabeth ကနေပြီးတော့ Spain တို့ထိန်းချုပ်ထားတဲ့ Netherlands နိုင်ငံမှာ Protestants တွေကိုထောက်ခံပေးလိုက်ပြီး Spain နိုင်ငံက သင်္ဘောတွေကို ကိုလိုနီနယ်မြေများကနေ တိုက်ထုတ်ရန် စွန့်စားသူများဖြစ်ကြတဲ့ Francis Drake တို့ကို အမိန့်ပေးလိုက်တဲ့အခါမှာ Phillip အနေဖြင့် ဒါဟာ အမေရိကတိုက်နဲ့ဥရောပတိုက်မှာ စပိန်တွေရဲ့အာဏာကို ခြိမ်းခြောက်တာပဲလို့ယူဆပြီး အမျက်များထွက်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ကြားထဲမှာ Elizabeth တို့က Phillip နောက်ကွယ်ကနေ ပံပိုးပြီး သူလိုရာကိုကြိုးဆွဲချင်နေတဲ့ Mary Queen of Scots ကို ကွပ်မျက်လိုက်တဲ့အခါမှာ England ထီးနန်းရဲ့ စစ်မှန်တဲ့ဘုရင်မကို မတရားသဖြင့်ကွပ်မျက်ခဲ့တယ်ဆိုပြီး ရမယ်ရှာကာ 1588 ခုနှစ်မှာ စစ်သင်္ဘောပေါင်း 141 စီး၊ သင်္ဘောသား 10139 ယောက်၊ စစ်သား 19315 ယောက်၊ လက်နက်ခဲယမ်းပေါင်း 3000 နီးပါး ပါဝင်တဲ့ စပိန် Armada ရေတပ်ကြီးဟာ Elizabeth ကိုနန်းချ၊ Catholic ဘာသာကို ပြန်လည်ထူထောင်မယ်ဆိုပြီး England ရေပိုင်နက်ထဲကို စတင် ကျူးကျော်ဝင်ရောက်လာခဲ့ပါတော့တယ်။ သို့သော်ငြားလဲ ကံအကြောင်းမလှစွာဖြင့် Armada ရေတပ်ကြီးဟာ သူတို့မကျွမ်းကျင်တဲ့ England သုမုဒ္ဒရာ ရေပြင်အခြေအနေ၊ ရာသီဥတုအခြေအနေတွေနဲ့ England ရေတပ်ရဲ့ ဆန်းသစ်တဲ့နည်းဗျူဟာတွေ၊ အားမလျော့ပဲ တောင့်ခံထားမှုတွေနဲ့ စုပေါင်းပြီးကြုံလိုက်ရတဲ့အခါမှာ စပိန် Armada ရေတပ်ကြီးဟာ မှန်းချက်နဲ့နှမ်းထွက်မကိုက်ပဲ အကြီးအကျယ်ကို ရှုံးနိမ့်သွားရပါတော့တယ်။ Armada ရေတပ်ကြီးရဲ့ရှုံးနိမ့်မှုဟာ ဥရောပသမိုင်းရဲ့ အကြီးကျယ်ဆုံးရှုံးနိမ့်မှုတစ်ခုဖြစ်ပြီး England ရဲ့အောင်မြင်မှုကြောင့် Elizabeth ရဲ့ထီးနန်းဟာ ပိုမိုခိုင်မာသွားခဲ့ပြီး England ဟာလဲ ဥရောပတိုက်မှာ အင်အားကြီးနိုင်ငံတစ်ခုအဖြစ် စတင်ပြောင်းလဲလာခဲ့ပါတော့တယ်။ Armada ရေတပ်ကြီးဆုံးရှုံးသွားတာကြောင့် စပိန်နိုင်ငံဟာ ခွက်ခွက်လန်အောင် အရှုံးပေါ်သွားခဲ့ပြီး စီးပွါးရေးအကြပ်အတည်းတွေ၊ ငွေကြေးဖောင်းပွမှုတွေ၊ နိုင်ငံရေးအာဏာလျော့နည်းလာမှုတွေ၊ စစ်သည်အင်အားမလုံလောက်မှုတွေ များစွာကိုရင်ဆိုင်ခဲ့ရပြီး Phillip ရဲ့အာဏာဟာလဲ စပိန်နန်းတွင်းမှာအရာမဝင်တော့တဲ့အထိကိုဖြစ်သွားခဲ့ရပါတယ်။ Armada ရေတပ်ကြီးရဲ့ရှုံးနိမ့်မှုဟာ Spain နိုင်ငံကို ခေတ်နောက်ပြန်ဆွဲသည်အထိဖြစ်သွားခဲ့ရပြီး စီးပွါးရေး၊လူမှုရေး၊စစ်ရေး၊နိုင်ငံရေး များစွာတို့အပေါ်ပါ ဆိုးကျိုးများစွာ သက်ရောက်ခဲ့ရပါတယ်။ ဒီစစ်ပွဲအကြောင်းနဲ့ပတ်သတ်ပြီးတော့ အသေးစိတ်ကို Elizabeth: The Golden Age ရုပ်ရှင်ထဲမှာ ထည့်သွင်းရိုက်ကူးပြထားပါတယ်။

image