22 w - Translate

အိမ်ကွင်းဆက်တိုက်ရှုံးပွဲမရှိမှတ်တမ်းအကောင်းဆုံး(၁၀)သင်းစာရင်းဝင်လာတဲ့ မန်စီးတီးအသင်း

မန်စီးတီးအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်များတွင် ရှုံးပွဲလုံးဝမရှိဘဲ အိမ်ကွင်း၌ နောက်ဆုံးရှုံးခဲ့သည်မှာ ပြီးခဲ့သည့်ရာသီ(၂၀၂၂) နိုဝင်ဘာလ(၁၂)ရက်နေ့က ကစားခဲ့သော မန်စီးတီး(၁-၂)ဘရန့်ဖို့ဒ်ပွဲတွင် ဖြစ်သည်။ယင်းပွဲနောက်ပိုင်း ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်(၂၉)ပွဲဆက်တိုက် ရှုံးပွဲမရှိကစားနိုင်ခဲ့ရာ ပြိုင်ပွဲ၏ အိမ်ကွင်းဆက်တိုက်ရှုံးပွဲမရှိမှတ်တမ်းအကောင်းဆုံး(၁၀)သင်းစာရင်းသို့ ဝင်လာနိုင်ခဲ့သည်။ယင်းစာရင်းတွင် ထိပ်ဆုံး၌ မှတ်တမ်းအကောင်းဆုံးအသင်းအဖြစ် ဦးဆောင်နေသည်မှာ နည်းပြ ကလော်ဒီယိုရာနီရေးရီ၊ဟိုဆေးမော်ရင်ညို၊အေဗရမ်ဂရန့်၊ဖီလစ်ပီစကိုလာရီတို့လက်ထက် (၂၀၀၄) မတ်လမှ (၂၀၀၈) အောက်တိုဘာလအထိ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်များတွင် ရှုံးပွဲလုံးဝမရှိခဲ့သည့် ချယ်လ်ဆီးအသင်းဖြစ်သည်။ချယ်လ်ဆီးအသင်းသည် ယင်း(၄)နစ်ခွဲကာလအတွင်းပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်(၈၆)ပွဲကို ရှုံးပွဲမတွေ့အောင်ကစားနိုင်ခဲ့ပြီး အခြားကလပ်အသင်းများ လိုက်မီရန် ခက်ခဲ့သော မှတ်တမ်းကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ယင်းစာရင်း၌ ယခင်မန်စီးတီးအသင်းမှာ တစ်ကြိမ်ပါဝင်ခဲ့ဖူးပြီး (၂၀၁၀) ဒီဇင်ဘာလမှ (၂၀၁၂) ဒီဇင်ဘာလအထိ (၃၇)ပွဲ ဆက်တိုက်ရှုံးပွဲမရှိခဲ့ခြင်းဖြစ်သည်။

image