22 w - Translate

Xiaomi ကားဝယ်ယူကြတဲ့ 50% ဝန်းကျင်က Apple User တွေလို့ Xiaomi ကပြောလာတဲ့အပြင် (Apple က ကားမှမထုတ်နိုင်တာ ဝယ်မှာပေါ့😛)

BMW ၊ Mercedes-Benz ၊ Audi ကိုလက်ရှိ စီးနေသူတွေ 29% ပါဝင်ပြီး 28%က အမျိုးသမီးတွေ ဖြစ်တယ် လို့ သိရပါတယ်

Lei Jun ပြောထားတာကတော့ “Apple User တွေက Xiaomi SU7 အပေါ် အတော်လေး စိတ်ဝင်စားကြတာကိုတွေ့ရတယ် အဓိက အချက်က CarPlay နဲ့ iPad ချိတ်ဆက်မှု အပိုင်းကို အဆင်ပြေတာကြောင့် ဖြစ်နိုင်ပြီးတော့ Xiaomi SU7 ကို Apple Friendly EV ဖြစ်အောင်
လုပ်သွားပါမယ်” လို့ ပြောထားပါတယ်

Beijing Auto Show မှာ CEO Lei Jun ပြောသွားတာကိုကြည့်ရရင်
2024 နှစ်ကုန်ပိုင်းမှာ xiaomi SU7 အစီးရေ ၁ သိန်းကျော်
အထိ တင်ပို့နိုင်ဖို့ကြိုးစားနေကြောင်း ၊
Retail Store 200 ကျော် ဖွင့်ဖို့ကြိုးစားနေကြောင်းနဲ့
R&D ပိုင်းကိုပါ ဝန်ထမ်း 6000 ကျော်နဲ့ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ထားကြောင်းသိရပါတယ်

Xiaomi ရဲ့ အိမ်မက်ကတော့ နှစ် ၂၀ အတွင်းမှာ Top-5 Global Automaker ဖြစ်ဖို့ပါတဲ့ အိမ်မက်က ကြီးပါတယ်

လေထဲက အိမ်လေးဖြစ်သွားမလား ၊ အပြောနဲ့အလုပ်သက်သေပြသွားမလားဆိုတာကို ပိတ်ကားပေါ်မှာ ဆက်ကြည့်ရမှာဖြစ်ပါတယ်

image