22 w - Translate

ပျားရည်သည် ကမ္ဘာ့တာရှည်အခံဆုံးအစားအစာဖြစ်
အမေရိကန်ဆေးပညာရှင်တို့ လေ့လာတွေ့ရှိချက် ဖြစ်ပါတယ်။ ယခင် နှစ်ပေါင်းသုံးထောင်ကျော်ကတည်းက သိမ်းဆည်းထားတဲ့ ပျားရည်ပုလင်းတစ်လုံးကို တွေ့ရှိခဲ့ပြီး ဓာတုဗေဒပညာနဲ့ ပြန်လည်စစ်ဆေးလေ့လာချက်အရ စားသုံးဖို့သင့်လျော်နေသေးကြောင်း တွေ့ရှိခဲ့ပါတယ်။

ယင်းမှာပါတဲ့ သဘာဝဓာတ်များဟာ မပြောင်းလဲပဲ အရင်အတိုင်းကိုရှိနေတာ ဖြစ်ပါတယ်။ တော်ရုံအပြင် ဘက်တီးရီးယားပိုးမွှားများလည် မဝင်နိုင်ပါဘူး။ သို့ပေမယ့် နေရောင်ခြည်ထိတွေ့ရန် ခက်ခဲတဲ့နေရာတွေမှာရှိနေမှသာ အထားခံတာဖြစ်ပါတယ်။

အီဂျစ်နိုင်ငံက ရှေးဟောင်း ဘုရင်မင်းမြတ် အဆောက်အအုံ၊ ပရဝုဏ်တွေထဲမှာ သိမ်းဆည်းထားတဲ့ ပျားရည်အိုးတစ်လုံးကို ပြန်လည်တွေ့ရှိခဲ့မှု ဖြစ်ပါတယ်။ လေ့လာချက်အရ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၃၀၀ ကျော်ကတည်းက သိမ်းဆည်းထားခြင်းဖြစ်ပြီး အာနိသင်ဓာတ်တို့ အရင်အတိုင်းဖြစ်နေတာကို အံ့မခန်းတွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် ပျားရည်ဟာ ကမ္ဘာ့အတာရှည်ခံဆုံးအစားအစာတစ်မျိုးအဖြစ် စံချိန်တင်စေခဲ့ကြောင်း သိရပါတယ်။

image
image
image