22 w - Translate

ဆွစ်ဇာလန်နိုင်ငံမှာရှိတဲ့ Apple ရဲ့လျှို့ဝှက် AI စမ်းသပ်ခန်း

“Zurich Vision Lab” လို့ အမည်ရှိတဲ့ Apple ရဲ့ AI စမ်းသပ်ခန်းကြီးဟာ ဆွစ်ဇာလန်နိုင်ငံမှာတည်ဆောက်ထားပြီး တိတ်တဆိတ်စမ်းသပ်လုပ်ကိုင်နေကြတာပဲဖြစ်ပါတယ်။ ဒီစမ်းသပ်ခန်းကြီးမှာဆိုရင် Apple အနေနဲ့ ရှေ့လျောက်ချပြမယ့် ထုတ်ကုန်ပစ္စည်းများအပြင် Computer Vision, Machine Learning, စက်ရုပ်တွေနဲ့ AI စနစ်တွေ စတဲ့ အဆင့်မြင့်နည်းပညာများစွာပါဝင်တဲ့ သုတေသနပရောစီမံကိန်းတွေကို စမ်းသပ်လုပ်ကိုင်နေကြတယ်လို့လည်း မှတ်ချက်တွေပေးနေကြပါတယ်။

Zurich Vision Lab ဟာဆိုရင် Apple ရဲ့အခုနောက်ပိုင်းထွက်ရှိထားတဲ့ project တော်တော်များများဖြစ်တဲ့ Apple Car အပါအဝင် AR/VR နားကြပ်များနဲ့ Siri ရဲ့ တိုးတက်မှုတို့ကို အကောင်အထည်ဖော်ရမှာ အဓိကအခန်းကဏ္ဍအဖြစ် ပါဝင်နေတယ်လို့ ယုံကြည်ရပါတယ်။ လက်ရှိမှာဆိုရင်တော့ ဒီသုတေသနဓါတ်ခွဲခန်းက Project အချို့ဟာ Apple ထုတ်ကုန်တွေဆီ ရောက်လို့နေပါပြီ။

ဆွစ်ဇာလန်နိုင်ငံဟာဆိုရင် AI သုတေသနစမ်းသပ်လုပ်ကိုင်ဖို့ အရေးပါတဲ့ အချက်အချာနေရာတစ်ခုဖြစ်နေပြီး Apple အပါအဝင် ကမ္ဘာ့နည်းပညာကုမ္ပဏီကြီးတွေဖြစ်ကြတဲ့ IBM, Microsoft, Meta နဲ့ အခြားသော နည်းပညာကုမ္ပဏီအချို့ကလည်း ကျယ်ပြန်စွာ စမ်းသပ်လုပ်ကိုင်နေကြပါပြီ။ ဒါကြောင့် ဆွစ်ဇာလန်နိုင်ငံဟာ ယခု ၂၀၂၄ ခုနှစ်ကစပြီး AI သုတေသနပိုင်းမှာ ဦးဆောင်သူနိုင်ငံဖြစ်လာမယ်လို့လည်း ထင်ကြေးပေးနေကြပါတယ်။

Apple CEO ဖြစ်တဲ့ Tim Cook ကတော့ Apple ရဲ့ နောက်ပိုင်းထုတ်ကုန်ပစ္စည်းများကို AI Feature တွေနဲ့ လာမယ်ဖြစ်ကြောင်း အရိပ်အမြွတ်ပြောထားသလို iOS 18 မှာတင်ထည့်သွင်းပေးသွားမယ်လို့လည်း သတင်းတွေထွက်နေပါတယ်။ Apple အနေနဲ့ သူ့ရဲ့ Software အသစ်တွေ၊ ဖုန်းလုပ်ဆောင်ချက်တွေနဲ့ App တွေအပေါ် AI ကဘယ်လောက်အထိ စွမ်းဆောင်ပေးနိုင်သလဲဆိုတာ စမ်းသပ်နေတာပဲဖြစ်ပါတယ်။

ဒါဆိုရင်တော့ AI ပံ့ပိုးထားတဲ့ Apple ရဲ့ Eco System ကြီးက ဘယ်လောက်ထိမိုက်လာမလဲဆိုတာကိုတော့ စောင့်ကြည့်ကြပြီး စောင့်မျှော်ကြရဦးမှာပေါ့ဗျာ။

image