22 w - Translate

လွန်ခဲ့တဲ့နှစ်(၂၀)က ရှုံးပွဲမရှိချန်ပီယံအသင်းကိုရာသီနောက်ဆုံးပွဲမှာ ဂုဏ်ပြုမယ့် အာဆင်နယ်

လွန်ခဲ့သည့်နှစ်(၂၀)ဖြစ်သည့် ၂၀၀၄ ခုနှစ်က တစ်ရာသီလုံးရှုံးပွဲမရှိ (The Invincible) ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့သော အာဆင်နယ်အသင်းအား ယခုရာသီ နောက်ဆုံးပွဲတွင် အမှတ်တရဂုဏ်ပြုရန်အတွက် အာဆင်နယ်အသင်းတာဝန်ရှိသူများက စီစဉ်ထားကြောင်း သိရသည်။ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၃၈)ကို အိမ်ကွင်းဖြစ်သည့် အမ်းမရိတ်စ်ကွင်းတွင် အဲဗာတန်အသင်းနှင့်ကစားရမည်ဖြစ်ရာ အာဆင်နယ်အသင်းက နည်းပြဟောင်းအာဆင် ဗင်းဂါးအပါအဝင်(၂၀၀၃-၀၄)ရာသီမှ နည်းပြအဖွဲ့၊ကစားသမားများ၊ဝန်ထမ်းများကိုပါ ယင်းပွဲသို့ တက်ရောက်ရန်ဖိတ်ကြားထားခြင်းဖြစ်သည်။(၂၀၀၃-၀၄)ရာသီက အာဆင်နယ်အသင်းသည် တစ်ရာသီလုံး ပရီးမီးယားလိဂ်ပွဲ(၃၈)ပွဲ ကစားခဲ့ရာတွင် (၂၆)ပွဲအနိုင်ရပြီး (၁၂)ပွဲ သရေကျကာ ရှုံးပွဲမရှိခဲ့ဘဲ အမှတ်ပေးချန်ပီယံဆုရယူနိုင်ခဲ့ခြင်းဖြစ်သည်။

image