43 w - Translate

💞 မိန်းမတစ်ယောက်ဟာ
လူရွေးမှန်သွားရင် တစ်သက်လုံး
တည်ငြိမ်ရင့်ကျက်မှုတွေနဲ့
ဟန်ဆောင်နေစရာ မလိုတော့ပဲ
အဲ့ဒီရင်ခွင်ကြီးအထက်မှာ
ကလေး‌လေးတစ်ယောက်လိုမျိုး
တစ်သက်တာအတွက်
ဆိုးခွင့်၊ နွဲ့ခွင့်ရသွားရောတဲ့ ... .။

💞 ကိုယ့်ဘယ်လောက်ဆိုးဆိုး၊
ကိုယ့်ဘယ်လောက်ရစ်ရစ်၊
ကိုယ့်ဘယ်လောက်ပဲ ကလေးဆန်ဆန်
လူရွေးမှန်သွားရင် ကိုယ့်ရဲ့ဖြစ်တည်မှုအပေါ်
အပြစ်မမြင်တတ်တဲ့အပြင်
ချစ်စရာ‌လေးလို့ မြင်ခံရတာဟာလည်း
တကယ့်နိဗ္ဗာန်ပါပဲကွယ်။

☘️ ကံကောင်းခြင်းဆိုတဲ့
အရာတွေထဲမှာ လူရွေးမှန်ခြင်း
ဆိုတဲ့အရာဟာ တစ်ခုအပါအ၀င်ပဲမို့
လူရွေးမမှားဖို့က သိပ်အရေးကြီးတယ်။

💞‌ ရွေးချယ်မှုမှားသွားရင်၊
လက်တွဲဖော်မှားသွားရင်
မိန်းမတစ်ယောက်ရဲ့ဘ၀ဟာ
ပူလောင်မှုတွေကြားထဲ နစ်မွန်းသွားရသလို
လူရွေးမှန်သွားတဲ့အခါကျရင်လည်း
နေ့ရက်တိုင်းက သူ့အလိုလို
ပျော်စရာကောင်းတဲ့ ကံကောင်းခြင်းတွေ
အဖြစ်ရောက်ရှိသွားတော့တာပါပဲ။

💞 လူရွေးမှန်သွားရင်
မျက်ရည်ကျဖို့မပြောနဲ့ ... ,
ပြုံးပျော်နေရလွန်းလို့တောင်
အတွေးနယ်လွန်းပြီး ၀မ်းနည်းရမဲ့
အချိန်ဆိုတာမရှိသလောက်ကို
ရှားသွားရောပဲ။

💞 လူရွေးမှန်သွားခြင်းက
အဲ့လောက်ထိကို ပျော်စရာ
ကောင်းလွန်းခဲ့တာမျိုးပါ
အမျိုးသမီး‌ငယ်လေးတို့ရေ .... .

💞 အဲ့တာကြောင့်မို့ ကိုယ့်ကို
နာကျင်စေတဲ့လက်လေးတွေကို
ရဲရဲသာလွှတ်ချပစ်လိုက်ပြီး ကိုယ့်ကို
ပျော်ရွှင်စေတဲ့ ရပ်၀န်း‌တွေဆီမှာ
ရှင်သန်ပစ်ဖို့ သတ္တိရှိပစ်လိုက်ပါကွယ် .... . 💐

#crd

image