22 w - Translate

သင့်ရဲ့ Marketing အောင်မြင်လား၊ ကျရှုံးလား
သိချင်ရင် တိုင်းတာမှုတွေ နေ့စဥ်ပြုလုပ်ပါ.. ✅

Marketing လုပ်တဲ့အခါမှာ ကြိုးစားနေပေမဲ့
နည်းလမ်းမှားနေရင် မတိုးတက်နိုင်ပါဘူး

ဒါ့ကြောင့် ကိုယ်ရတဲ့ရလာဒ်တွေကို အမြဲတိုင်းတာပါ

=====

Marketing အောင်မြင်လား၊ ကျရှုံးလားသိရဖို့
ဘယ်အရာတွေတိုင်းတာလို့ရမလဲဆိုရင်

1. (Inquiry) စုံစမ်းမေးမြန်းမှုဘယ်နှယောက်ရလဲ?
2. (Lead) ဝယ်သူဖြစ်ဖို့အလားအလာရှိသူတွေ
3. (Engagement) React ဘယ်လောက်ရလဲ?
4. (Views) လူဘယ်နှယောက် မြင်သွားလဲ?
5. (Follower) အသစ် ဘယ်နှယောက်ရလာသလဲ?
6. (Superfans)​ အမာခံပရိတ်သတ်တွေ ရှိသလား?
7. (ROI)​ အမြတ် ဘယ်လောက်ပြန်ရသလဲ?

ဒီ 7 ခုကို တိုင်းတာလို့ရပါတယ်...

=====

(Inquiry) စုံစမ်းမေးမြန်းမှုကိုတိုင်းတာဖို့ဆိုရင်
Page ရဲ့ Messenger ထဲကိုသွားပါ

ဒီနေ့ Date နဲ့ Conversation ဘယ်နှခု ရလာသလဲ
စာအုပ် / Notes ထဲမှာချရေးပါ..
ဖုန်းဆက်မေးမြန်းသူတွေကိုလဲ ထည့်မှတ်ပါ

စုံစမ်းမေးမြန်းမှုတွေထဲကမှ ကိုယ်ရောင်းနေတဲ့အရာ
ဝယ်နိုင်ခြေရှိသူ / တကယ်ဝယ်သွားတဲ့သူတွေကို
(Leads) ခေါင်းစဥ်အောက်မှာမှတ်ပါ..

=====

မိမိ Tiktok အကောင့် / Page ထဲသွားပြီး
နောက်ဆုံးတင်ထားတဲ့ Post က 1ရက်​အတွင်း
- React ဘယ်နှခုရသလဲ?
- Comment ဘယ်နှခုရသလဲ?
- Share ဘယ်နှခုရသလဲ?
- Views ဘယ်နှခုရသလဲ? စိစစ်ပါ

ဒီအပိုင်းကတော့​ Facebook နဲ့ Tiktok ​မှာဆို
Professional Dashboard ထဲမှာ
အလွယ်တကူစစ်ကြည့်​လို့ရပါတယ် ✅

=====

မိမိဆီမှာ Follower ဘယ်နှယောက်ရှိသလဲဆိုတာက
အရေးကြီးသလိုပဲ (Superfans) အမာခံပရိတ်သတ်
ဘယ်နှယောက်ရှိလဲဆိုတာကလဲ အရေးကြီး​ပါတယ်​

(Superfans) အမာခံပရိတ်သတ်ဆိုတာ
ကိုယ်ဘာလုပ်လုပ်အားပေးကြသူတွေ၊
ကိုယ်ဘာတင်တင် အချိန်ပေးပြီးအဖတ်လုပ်သူတွေပါ

Top fan ပမာဏ​နဲ့လဲ တိုင်းတာလို့ရပါတယ် ✅

=====

ကိုယ်က​ Branding ကို သိပ်ပြီးအာရုံမစိုက်သေးရင်
Marketing Campaign တွေ လုပ်ပြီးတဲ့အခါ
အမြတ်ဘယ်လောက်ပြန်ရသလဲဆိုတာ တိုင်းတာပါ

လုပ်ငန်းငယ်တွေလည်ပတ်ဖို့ အမြတ်လိုပါတယ်

အမြတ်မရတဲ့ Page တစ်ခုက ကြာကြာရပ်တည်ဖို့
လုံးဝမလွယ်ကူပါဘူး.. ဒါ့ကြောင့် ROI တိုင်းတာပါ
(ROI = Return on Investment)

=====

ဒီမှာတစ်ခုမေ့ထားလို့မရတာက
Marketing ရဲ့ အဆုံးသတ်ကနေ
(Inquiry)​ စုံစမ်းမေးမြန်းမှုတွေပဲရတာဖြစ်ပါတယ်

Customer ရလာမှာမဟုတ်ပါ

မိမိရလာတဲ့ စုံစမ်းမေးမြန်းမှုတွေကို
အရောင်းအဖြစ်သို့ပြောင်းလဲခြင်းကို
(Sales) အရောင်းစကေးလို့ခေါ်ပါတယ်..

=====

Marketing ဘယ်လောက်ကောင်းကောင်း
ရောင်းတဲ့အခါစာမပြန်ရင် အမြတ်ကသုညဖြစ်မှာပါ

ဒါ့ကြောင့် Customer များများရချင်ရင်
စျေးကွက်ရေးရာကော၊ အရောင်းစကေးကော
ကျွမ်းကျင်နေဖို့ လိုအပ်ပါတယ်.. ✅

=====

လောကမှာ​ ဘယ်အရာ ဘယ်နယ်ပယ်မှာမဆို
တိုင်းတာမှုမရှိရင် တိုးတက်မှုရှိမရှိ မသိရနိုင်ပါဘူး

အရပ်ရှည်လာလားသိချင်ရင် အရပ်တိုင်းရတယ်..
စာဘယ်လောက်မှတ်မိလဲဆိုတာသိချင်ရင်
စာမေးပွဲဖြေထားတဲ့အမှတ်နဲ့တိုင်းတာကြတယ်..

ကိုယ်လုပ်နေတာ တိုးတက်မှုရှိရဲ့လားသိချင်ရင်
တိုင်းတာမှုတွေ နေ့စဥ်ပြုလုပ်နေပါ✅

တိုင်းတာထားတဲ့ Data တိတိကျကျရှိရင်
ပိုအလုပ်ဖြစ်မဲ့ Plan တွေ ချမှတ်နိုင်ပါလိမ့်မယ် ✨🤗