22 w - Translate

ရေအိမ်အသုံးပြုတိုင်း ငွေရစေမယ့် အိမ်သာကို တောင်ကိုရီးယားတက္ကသိုလ်ပါမောက္ခ တီထွင်

တောင်ကိုရီးယားတက္ကသိုလ်တစ်ခုမှာတော့ အိမ်သာတက်ရုံနဲ့ ကော်ဖီဖိုး၊ သစ်သီးဖိုး၊ စာအုပ်ဖိုး ရှာဖွေနိုင်ပြီ ဖြစ်ပါတယ်။ အူလ်ဆန် အမျိုးသားသိပ္ပံနဲ့နည်းပညာတက္ကသိုလ်မှ မြို့ပြနဲ့ သဘာဝပတ်ဝန်းကျင် အင်ဂျင်နီယာဘာသာရပ် ပါမောက္ခ ချိုကျားဝမ်က သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီမယ့် ရေအိမ်တစ်ခု ဖန်တီးခဲ့ပြီး စွန့်ပစ်အညစ်အကြေးတွေကို ဇီဝဓာတ်ငွေ့ ပြန်လည်ထုတ်လုပ်နေတာပါ။

BeeVi ရေအိမ်ဟာ စွန့်ပစ်အညစ်အကြေးတွေကို လေစုပ်စက်နဲ့ စုပ်ယူပြီး မြေအောက်စည်ပိုင်းထဲ ပို့ကာ ဇီဝဓာတ်ခွဲပြီး မီသိန်းဓာတ်ငွေ့ ထုတ်လုပ်ကာ တက္ကသိုလ် အဆောက်အအုံကို စွမ်းအင်ပြန်ပေးနေတာ ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ တစ်နေ့တာ အစာဟောင်း စွန့်ပစ်မှု ၅၀၀ ဂရမ်ကနေ မီသိန်းဓာတ်ငွေ့ ၅၀ လီတာ ထုတ်လုပ်နိုင်ပြီး စွမ်းအင် 0.5 ကီလိုဝပ် ထွက်ရှိမှာပါ။

ချိုကျားဝမ်က သူ တီထွင်ထားတဲ့ ရေအိမ်အသုံးပြုသူတွေကို Ggool လို့ အမည်ပေးထားတဲ့ ဒီဂျစ်တယ်ငွေကြေး ပြန်ပေးပြီး အဲဒီငွေကြေး အသုံးပြုကာ တက္ကသိုလ်ပရဝုဏ်ထဲက ဆိုင်တွေမှာ ကော်ဖီဖိုး၊ သစ်သီးဖိုး၊ စာအုပ်ဖိုး ပေးနိုင်အောင် စီစဉ်ထားတာ ဖြစ်ပါတယ်။ ချိုကျားဝမ်ဟာ ၂၀၂၁ ခုနှစ်ကတည်းက အဲဒီအိမ်သာကို တီထွင်ခဲ့တာပါ။

Ref: South Korean toilet turns excrement into power and digital currency

image