22 w - Translate

⚜️ Victoria ဘုရင်မကြီးနဲ့ သူမရဲ့ခင်ပွန်း မင်းသားကြီး Albert တို့ရဲ့အချစ်ဇာတ်လမ်းလေးကိုပြောပြပေးပါဆိုပြီး တောင်းဆိုထားကြတဲ့သူတွေများလို့ ဒီနေ့မှာရေးပေးလိုက်ပါတယ်ဗျ။ Victoria ဘုရင်မကြီးနဲ့ Albert တို့ဟာဆိုရင် အစက နိုင်ငံရေးအရသာမဟာမိတ်ဖွဲ့တဲ့အနေနဲ့ လက်ထပ်ဖို့စီစဉ်ခဲ့ကြတာဖြစ်ပေမယ့်လဲ နောက်ပိုင်းမှာ အနေကြာလာတော့ တစ်ယောက်ကိုတစ်ယောက် ချစ်မိသွားခဲ့ကြတာပဲဖြစ်ပါတယ်။ Victoria နဲ့ Albert တို့ဟာ Victoria အသက် 17 နှစ်ထဲကတွေ့ခဲ့ကြတာဖြစ်ပြီး သူမ 21 နှစ်မှာလက်ထပ်ခဲ့တာပါ။ သူတို့နှစ်​ယောက်ရဲ့အချစ်ရေးက အဆင်ပြေမပြေကတော့ တိုင်းပြည်အတွက် တော်ဝင်မင်းသား၊မင်းသမီးပေါင်း ၉ ယောက်မွေးဖွားပေးနိုင်ခဲ့တာဟာ သက်သေပဲဖြစ်ပါတယ်။ ဒါပေမယ့်အဆင်မပြေတာကတော့ အခုစာဖတ်နေတဲ့သူရဲ့အချစ်ရေးပါပဲ 17 နှစ်မှာတွေ့ခဲ့တဲ့သူနဲ့လဲဝေးခဲ့သလို အခု အသက်ကြီးလာတော့လဲ မင်္ဂလာဆောင်ဖို့မပြောနဲ့ ရည်းစားဆိုမူးလို့ရှုစရာမရှိ မျောက်သစ်ကိုင်းလွတ်ဘဝကနေ အခုထိမတတ်သေးပါဘူး။ အဲ့တော့ သူများအချစ်ရေးကိုစိတ်ဝင်စားနေမယ့်အစား ရည်းစားမြန်မြန်ရှာရင်ရှာ မရှာရင်လဲ ex ကို “ ပြန်လာပါလားဟင် “လို့သာ message ပို့လိုက်ပါ။ ( ဟိုကလဲ reply ပြန်မှာမဟုတ်ပါဘူး ) 😁

image