22 w - Translate

ဒီနေ့တော့ Fusion Marketing အကြောင်း
အကြမ်းဖျင်းလေး ပြောပြပေးချင်ပါတယ် 🌟

=====

Fusion Marketing ဆိုတာ
လုပ်ငန်း 2 ခု ပူးပေါင်းပြီး Project အတူတူလုပ်ကာ

သူ့ Audience​ ကိုယ့်ကို သိ
ကိုယ့် Audience​ သူ့ကို သိ

လုပ်ငန်းကို လူပိုသိလာအောင်လုပ်တဲ့နည်းစနစ်ပါ

တစ်လုံးတည်းပြောရရင် Collaboration ပါပေါ့

=====

Fusion Marketing ကို ဥပမာအနေနဲ့ပြောရရင်
ကျွန်တော့်သင်တန်းမှာ ဆရာဝေယံချစ်သူက
Guest Speaker အနေနဲ့ လာဆွေးနွေးတာမျိုးပေါ့

ကျွန်တော့်သင်တန်းမှာ ဆရာဝေယံ လဲပါမယ်လို့
ကြေညာထားတဲ့အတွက် ဆရာ့ Follower တချို့လဲ
ကျွန်တော့်သင်တန်းကို Join ကြတာတွေ့ရပါတယ်

နိုင်ငံတကာမှာတော့ Mc Donald နဲ့ BTS တို့
Collab ထားတဲ့ BTS meal လို ဥပမာတွေရှိပါတယ် ✅

=====

အကျိုးတူ ပူးပေါင်းပြီးCollaboration လုပ်တဲ့အခါ
- Same Market, Same Product
- Same Market, Different Product
- Different Market, Same Product ကြိုက်သလို
ပါတနာရွေးချယ်လို့ရပါတယ်...

ဥပမာ
ဗိုက်ကြီးသည် Yoga ဆရာမ နဲ့ Gym ဆရာပေါင်းပြီး
Free Exercise Session လုပ်ပေးတာမျိုးပေါ့

=====

Fusion Marketing ကို ဘာကြောင့်သုံးသင့်လဲဆိုရင်
- Audience အသစ်တွေရလာနိုင်ပါတယ်
- Marketing​ Campaign ဆို ROI ပိုကောင်းပါတယ်
- ကိုယ့်လက်ရှိ Customer တွေအတွက် Experience အသစ်အဆန်းလေးတွေပေးနိုင်ပါတယ်

BTS Meal ဆိုလဲ Mc Donald စားနေကျ
Army လေးတွေအတွက် အတွေ့အကြုံသစ်ပဲပေါ့

Mc Donald တစ်ခါမှမစားဖူးတဲ့ Army တွေတောင်
BTS meal ကို လာဝယ်စားကြတာမလို့
Customer​ အသစ်တွေပိုရပါတယ်..

=====

Fusion Marketing အသုံးပြုဖို့
Network ကောင်းကောင်းရှိဖို့တော့လိုပါတယ်

Network ကောင်းဖို့
- Networking Event တွေ၊
- Online Class တွေ၊ သင်တန်းတွေ
- Seminar / Webinar တွေ Join ဖို့လိုနိုင်ပါတယ်..

မိတ်ဆွေတစ်ယောက်တိုးလေ၊
Network တိုးလေဖြစ်တာမလို့
ဘယ်သွားသွား မိတ်ဆွေတစ်ယောက်တော့ရအောင်
ပေါင်းသင်းဆက်ဆံကြည့်ဖို့ အကြံပေးချင်ပါတယ်💖