22 w - Translate

ရပ်ပစ်သင့်တဲ့ အလေ့အကျင့် (၄) ခု....

ဘဝမှာပျော်ရွှင်ရဖို့အတွက် ချန်ထားရမယ့်အရာ (၄) ခုကို ပြောပြပေးပါရစေ။

(၁) ကိုယ့်ကိုယ်ကိုယ် သံသယဖြစ်တာ

အလုပ်တစ်ခုကို စမလုပ်ခင် “ငါ လုပ်နိုင်ပါ့မလား”၊ “ငါ အဆင်ပြေပါ့မလား” စသဖြင့် ကိုယ့်ကိုယ်ကိုယ် သံသယစိတ်နှင့် တွေး တောခြင်းဟာ အလုပ်တစ်ခုမှာ အောင်မြင်ဖို့ ရာခိုင်နှုန်း အတော်နည်း သွားပါလိမ့်မယ်။ ကိုယ့်အရည်အသွေးကို ကိုယ်ကိုယ်တိုင် ယုံကြည် နေမှသာ ခက်ခဲတဲ့အလုပ်တွေကို လုပ်နိုင်စွမ်း ရှိမှာပါ။

(၂) ကိုယ့်ကိုယ်ကိုယ် မကောင်းတဲ့စကားတွေ ပြောတာ

မကောင်းတဲ့ စကားတွေမှာ negative energy ရှိပါတယ်။ negative energy ဟာ မပျော်ရွှင်မှုတွေ၊ စိတ်ညစ်စရာတွေ၊ စိတ် ပင်ပန်းမှုတွေကို ဖြန့်ဝေပေးနိုင်ပါတယ်။ ဒီလောကကြီးမှာ အတော် ဆုံးက သင်ကိုယ်တိုင်ပါပဲ။ ကိုယ့်ကိုယ်ကိုယ် အပြစ်မြင်နေတာတွေ ရပ်ကာ ကိုယ့်ရဲ့အားသာချက်တွေကို ရှာဖွေပါ။

(၃) အချိန်ဆွဲတာ

လုပ်စရာရှိတာကို တစိုက်မတ်မတ်နဲ့ မြန်မြန်ဆန်ဆန် လုပ် တတ်ခြင်းက ဘဝမှာ အောင်မြင်ဖို့အတွက် နည်းလမ်းကောင်းပါ။ အချိန်ဆွဲနေတာတွေကို ရပ်ပစ်နိုင်မှသာ နောင်တကင်းတဲ့ ဘဝတစ်ခု ကို တည်ဆောက်နိုင်ပါလိမ့်မယ်။

(၄) မှားသွားမှာ ကြောက်တာ

“မမှားသော ရှေ့နေ၊ မသေသော ဆေးသမား”ဆိုတဲ့ စကား လို လူရယ်လို့ ဖြစ်လာပြီဆိုရင် မမှားဖူးတဲ့လူဆိုတာ မရှိပါဘူး။ ဒါကြောင့် မှားသွားမှာ မကြောက်ပါနဲ့။ ရည်ရွယ်ချက်ရှိရှိ လုပ်မိတဲ့ အမှားမျိုးက လွဲရင် အမှားအားလုံးဟာ အမှန်ပေါ်ရောက်နိုင်မယ့် လှေကားထစ် လေးတွေပါပဲ။

လေးစားစွာဖြင့် ~ ☕
#ℂ?????_
#ဘဝအတွက်စာပေ
#ဘဝပေးတဲ့သင်ခန်းစာ
#အသိပညာရရှိဖို့ရည်ရွယ်ပါသည်
#တန်ဖိုးရှိအောင်နေရမှာကကိုယ့်တာဝန်ဖြစ်တယ်❤❤

image