22 w - Translate

ပဲကုလားဟင်း
*************
ကြက်သွန်ဖြူ/နီ ကို ဆီသတ်ပြီး
ရွလာခါနီးရင် မီး ပိတ်လိုက်ပါ။

ငရုတ်သီး အစိမ်းမှုန့် ထည့်မွှေပါ။
မဆလာ ထည့်မွှေပါ။
ပျဥ်းတော်သိမ်းရွက် ထည့်မွှေပါ။

မီး ပြန်ဖွင့်ပြီး
ဒန့်ဒလွန်သီး, ဗူးသီး, အာလူးထည့်မွှေပါ။

ပြုတ်ထားတဲ့ ကုလားပဲစေ့ နဲ့ အရည်တွေထည့်ပါ။

ဟင်းချိုမှုန့်, ဆား ထည့်ပါ။

အဖုံးအုပ်ပြီး တည်ထားပါ။

ဗူးသီး နူးခါနီးမှာ ခရမ်းသီးထည့်ပါ။

ခရမ်းသီးနူးရင် မကျည်းရည်ထည့်ပါ။

ငရုတ်တောင့်ရှည်လေး ချိုးထည့်ပါ။
( ငရုတ်သီး အခြောက်တောင့်လေး ကြော်ထည့်လည်း
အလွန်ကောင်းပါတယ်။ )

ရုံးပတီသီးထည့်မွှေပြီးရင် အိုးချလို့ရပါပြီ

image