30 w - Translate

လက်စတာရဲ့နိမ့်မြင့်တက်ကျခရီးလမ်းတွေမှာသစ္စာရှိရှိလိုက်ပါဖြတ်သန်းနေတဲ့ ဗာဒီ နဲ အော်ဘရိုက်တန်

လာမည့်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲသို့ ချန်ပီယံရှစ်ပြိုင်ပွဲမှ တန်းပြန်တက်လာသော လက်စတာစီးတီးအသင်းတွင် (၂၀၁၆) ပရီးမီးယားလိဂ်ချန်ပီယံလက်စတာစီးတီးအသင်းမှကစားသမား(၂)ဦးပြန်ပါဝင်လာခဲ့သည်။၎င်းကစားသမား(၂)ဦးမှာ အသင်းခေါင်းဆောင် တိုက်စစ်မှူး ဂျေမီဗာဒီနှင့် ကွင်းလယ်လူ အော်ဘရိုက်တန်တို့ဖြစ်ကြသည်။(၂၀၁၅-၁၆)ဘောလုံးရာသီတွင် လက်စတာအသင်း ပရီးမီးယားလိဂ်ဖလားရရှိပြီးနောက် အသင်းတွင် ခြေစွမ်းပြခဲ့ကြသည့် ကွန်တေ၊မာရက်ဇ်၊ဒရင့်ဝါတာ၊ချေးဝဲလ် အစရှိသည့် ကစားသမားများစွာမှာ နာမည်ကြီးအသင်းကြီးများသို့ တဖွဲဖွဲထွက်ခွာသွားခဲ့ကြသလို၊(၂၀၂၂-၂၃) ရာသီကုန်တွင် လက်စတာအသင်း ပရီးမီးယားလိဂ်မှ တန်းဆင်းချိန်တွင်လည်း မက်ဒီဆန်၊ဘန့်စ် တို့လိုကစားသမားအတော်များများ အသင်းကို စွန့်ခွာသွားခဲ့ကြသည်။သို့သော် အသက်(၃၇)နှစ်အရွယ် ဗာဒီနှင့် အသက်(၃၄)နှစ်အရွယ် အော်ဘရိုက်တန်တို့မှာ လက်စတာအသင်း၏ အောင်မြင်မှုများတွင် အတူ အမြင့်ပျံသန်းလိုက်ပါခဲ့သလို၊လက်စတာအသင်း၏ ကျရှုံးမှုများတွင်လည်း အသင်းနှင့်အတူ လိုက်ပါဖြတ်သန်းပြီး ယနေ့အချိန်အထိ အသင်း၏ သစ္စာတော်ခံကစားသမားအဖြစ် ကစားနေကြခြင်းဖြစ်သည်။ပရီးမီးယားလိဂ်သို့ တဖန်ပြန်လည်ရောက်ရှိလာမည့် လက်စတာအသင်းအတွက် ၎င်းဝါရင့်ကစားသမားနှစ်ဦးက ဘယ်လောက်အထိ စွမ်းဆောင်ပေးနိုင်ဦးမလဲဆိုသည်နှင့် လက်စတာအသင်း၏ တစ်ကျော့ပြန် ပရီးမီးယားလိဂ်တိုက်ပွဲကို ပရိသတ်တွေ လာမည့်ရာသီတွင် ရှုစားရဦးမည်ဖြစ်သည်။

image