22 w - Translate

"မဟုတ်ရင်မခံ
ပြန်ပြောတတ်တဲ့ အကျင့်ကို
ဒေါသကြီးတယ်လို့
တစ်ချို့က ထင်တတ်ကြတယ်။

ဒါပေမဲ့
အဲ့လို လူမျိုးတွေမှာ
ကောက်ကျစ်တဲ့ စိတ်ထား
မရှိတာ တစ်ချို့လူတွေ မသိကြဘူး။

စိတ်ထဲ မှန်တယ်ထင်ရင်
အပြောဆိုးတတ်တဲ့ အကျင့်ကို
စိတ်ထားပါဆိုးမယ်လို့
တစ်ချို့က ထင်တတ်ကြတယ်။

ဒါပေမဲ့
အဲ့လိုလူမျိုးတွေမှာ
ယုတ်မာတဲ့ စိတ်ထား
မရှိတာ တစ်ချို့လူတွေ မသိကြဘူး။

သည်းမခံနိုင်တဲ့အဆုံး
ပေါက်ကွဲစိတ်နဲ့
ချက်ကျလက်ကျပြောတတ်တဲ့အကျင့်ကို
ရိုင်းစိုင်းတယ်လို့
တစ်ချို့က ထင်တတ်ကြတယ်။

ဒါပေမဲ့
အဲ့လို လူမျိုးတွေ စိတ်ထဲ
အငြိုးအတေး မထားတတ်တာ
တစ်ချို့လူတွေ မသိကြဘူး။

ပွင့်ပွင့်လင်းလင်းနဲ့
ဘွင်းဘွင်း နေတတ်တဲ့ အကျင့်ကို
သိက္ခာမရှိဘူးလို့
တစ်ချို့က ထင်တတ်ကြတယ်။

ဒါပေမဲ့
အဲ့လိုလူမျိုးတွေစိတ်ထဲ
မကောင်းမှု မှန်သမျှ
ရှောင်ကျဉ်တတ်တာ
တစ်ချို့လူတွေ မသိကြဘူး။

တစ်ဦး တစ်ယောက်တည်း
နေတတ် သွားတတ်တဲ့အကျင့်ကို
မာနထားတယ်လို့
တစ်ချို့လူတွေက ထင်တတ်ကြတယ်။

ဒါပေမဲ့
အဲ့လိုလူမျိုးတွေ စိတ်ထဲ
လူညစ်တွေ ပေးတဲ့ သင်ခန်းစာတွေ
ကြောင့် လူတွေကို
ရှောင်ကျဉ်တတ်တာ
တစ်ချို့လူတွေ မသိကြဘူး။

ဒါ့ကြောင့်
တစ်ချို့လူတွေကို
အပေါ်ယံကြည့်ပြီး မဝေဖန်ကြဖို့၊
တစ်ချို့လူတွေ
အကြောင်း ခရေစေ့တွင်းကျ
မသိဘဲ
အထင်မကြီး
အထင်မသေးတတ်ဖို့၊
တစ်ချို့လူတွေ မသိကြပြန်ဘူးလေ။"

Credit To Original writer

image