ကိုယ့်ဆီမှာပဲ ထပ်ခါထပ်ခါ လာဝယ်စေချင်ရင်
Relationship Marketing ကိုသုံးပါ 🌟
Relationship Marketing ဆိုတာ ရှင်းရှင်းပြောရရင်
Customer တွေနဲ့ ရင်းနှီးအောင်လုပ်ခြင်းအားဖြင့်
ကိုယ့်ဆီမှာပဲ ထပ်ခါထပ်ခါဝယ်အောင်လုပ်တာမျိုးပါ✅
=====
စဥ်းစားကြည့်ရအောင်
ဆိုင် 2 ဆိုင်ရှိမယ်ဆိုပါစို့
2 ဆိုင်လုံးက မုန့်ဟင်းခါးရောင်းတယ်
ဖြစ်ချင်တော့ ပထမဆိုင်ရဲ့ ဆိုင်ရှင်က ကိုယ့်သူငယ်ချင်း.. သူနဲ့အတူ စကားတွေပြောဖူးတယ်၊ အတင်းတွေတုပ်ခဲ့ဖူးတယ်ပေါ့.. 😁
ဒုတိယဆိုင်ရဲ့ပိုင်ရှင်ကိုတော့ ဘယ်သူလဲတောင်မသိဘူး
ဒါဆို ဘယ်ဆိုင်ကနေ မုန့်ဟင်းခါးဝယ်စားဖြစ်မလဲ?
လူအများစုကတော့ ကိုယ့်သူငယ်ချင်းရောင်းတဲ့ မုန့်ဟင်းခါးဆိုင်ကနေ အားပေးကြမှာအမှန်ပါပဲ..
- အရသာချင်းတူ
- စျေးချင်းတူ
- ရောင်းပုံချင်းလဲတူရင် ကိုယ့်သူငယ်ချင်းဆိုင်မှာပဲ သေချာပေါက်ဝယ်စားကြပါလိမ့်မယ်..
=====
ကျွန်တော်တို့ Page မှာ တစ်ခါဝယ်ဖူးတဲ့ Customer တွေ
နောက်တစ်ခါပြန်လာဝယ်တာမျိုးလိုချင်တယ်ဆိုရင်
သူငယ်ချင်းတစ်ယောက်လိုမျိုး ခင်မင်ရင်းနှီးနေအောင် ပြုလုပ်ထားပါ ✅
ရင်းရင်းနှီးနှီးဖြစ်အောင်လုပ်ဖို့ဆိုရင် Customer နဲ့
အလာပ သလာပ များများပြောပေးပါ 🌟
စကားတွေများများပြောပေးပါ...
=====
Marketing ဆိုတာ
Customer အသစ်တွေရအောင်လုပ်တာပဲမဟုတ်ပါဘူး
ဝယ်ပြီးသား Customer တွေ နောက်တစ်ခါ
ထပ်လာဝယ်အောင်လုပ်တာကလဲ Marketing ပါပဲ..
Relationship Marketing ကိုသုံးပြီး
ရောင်းအားတွေ တိုးမြှင့်နိုင်ကြပါစေ 💖