22 w - Translate

ကိုယ့်ဆီမှာပဲ ထပ်ခါထပ်ခါ လာဝယ်စေချင်ရင်
Relationship Marketing ကို​သုံးပါ 🌟

Relationship Marketing ဆိုတာ​ ရှင်းရှင်းပြောရရင်

Customer တွေနဲ့ ရင်းနှီးအောင်လုပ်ခြင်းအားဖြင့်
ကိုယ့်ဆီမှာပဲ ထပ်ခါထပ်ခါဝယ်အောင်လုပ်တာမျိုးပါ✅

=====

စဥ်းစားကြည့်ရအောင်

ဆိုင် 2 ဆိုင်ရှိမယ်ဆိုပါစို့

2 ဆိုင်လုံးက မုန့်ဟင်းခါးရောင်းတယ်

ဖြစ်ချင်တော့ ပထမဆိုင်ရဲ့ ဆိုင်ရှင်က ကိုယ့်​သူငယ်ချင်း​.. သူနဲ့အတူ စကားတွေပြောဖူးတယ်၊ အတင်းတွေတုပ်ခဲ့ဖူးတယ်ပေါ့.. 😁

ဒုတိယဆိုင်ရဲ့ပိုင်ရှင်ကိုတော့ ဘယ်သူလဲတောင်မသိဘူး

ဒါဆို ဘယ်ဆိုင်ကနေ မုန့်ဟင်းခါးဝယ်စားဖြစ်မလဲ?

လူအများစုကတော့ ကိုယ့်​သူငယ်ချင်းရောင်းတဲ့ မုန့်ဟင်းခါးဆိုင်ကနေ အားပေးကြမှာအမှန်ပါပဲ..

- အရသာချင်းတူ
- စျေးချင်းတူ
- ရောင်းပုံချင်းလဲတူရင် ကိုယ့်သူငယ်ချင်းဆိုင်မှာပဲ သေချာပေါက်ဝယ်စားကြပါလိမ့်မယ်..

=====

ကျွန်တော်တို့ Page မှာ တစ်ခါဝယ်ဖူးတဲ့ Customer တွေ

နောက်တစ်ခါပြန်လာဝယ်တာမျိုးလိုချင်တယ်ဆိုရင်

သူငယ်ချင်းတစ်ယောက်လိုမျိုး ခင်မင်ရင်းနှီးနေအောင် ပြုလုပ်ထားပါ ✅

ရင်းရင်းနှီးနှီးဖြစ်အောင်လုပ်ဖို့ဆိုရင် Customer​ နဲ့
အလာပ သလာပ များများ​ပြောပေးပါ 🌟
စကားတွေများများပြောပေးပါ...

=====

Marketing ဆိုတာ
Customer အသစ်တွေရအောင်လုပ်တာပဲမဟုတ်ပါဘူး

ဝယ်ပြီးသား Customer တွေ နောက်တစ်ခါ
ထပ်လာဝယ်အောင်လုပ်တာကလဲ Marketing ပါပဲ..

Relationship Marketing ကိုသုံးပြီး
ရောင်းအားတွေ တိုးမြှင့်နိုင်ကြပါစေ 💖