22 w - Translate

ရင်ခုန်စရာ Upgrade တွေ အများကြီးမြင်ရဖို့မရှိတဲ့ Apple Watch များ

တစ်ကယ်လို့ Apple ဟာ 2 year upgrade cycle ကိုသာ ဆက်သွားမယ်ဆို Apple Watch SE 3 ကဒီနှစ်ထွက်လာဖို့ရှိပါတယ်။ Upgrade ကတော့ ထုံးစံအတိုင်း Software နဲ့ အရောင်တွေပြောင်းသွားတာပဲ အများဆုံး ဖြစ်ဖို့များမယ်လို့ ခန့်မှန်းရပါတယ်။

နောက်တစ်ခုကတော့ Apple Watch Ultra 3 ကလာမယ့် September မှာ ထွက်လာမလိုလို၊ မထွက်လာတော့ဘူးလိုလို သတင်းထွက်နေတာဖြစ်ပါတယ်။ Leaker တွေအဆိုအရတော့ Apple Watch Ultra 3 ဟာတစ်ကယ်လို့ ဒီနှစ်ထဲမှာ မိတ်ဆက်သွားမယ်ဆိုရင်တောင် Hardware Upgrade အနေနဲ့ အများကြီး မြင်ရဖို့မရှိပါဘူး။ ဆိုတော့ ဒီနှစ် Watch Ultra ထွက်လာမယ်ဆိုရင် Software ပိုင်းနဲ့ Features ပိုင်းမှာပဲ အပြောင်းအလဲ နည်းနည်းပါးပါး မြင်ရဖို့ရှိမှာပါ။

နောက်တစ်ခုကတော့ Apple Watch 9 လည်း ထိုနည်းတူလို့ပြောလို့ရပါတယ်။ ဒါပေမယ့် 2024 လိုလို၊ 2025 လိုလို မသေချာတဲ့ သတင်းတွေထွက်နေတဲ့ Apple Watch X က Bazel ပါးပါး၊ Magnetic Band နဲ့ထွက်လာမယ်လို့ သတင်းထွက်နေတော့ Apple ထုံးစံအတိုင်း နောက် Generation အတွက် Innovation ချန်တဲ့သဘောအနေနဲ့ Watch 9 မှာတော့ အရောင်နဲ့ Features တွေကို ကိုတင်ကွတ် Stage ပေါ်မှာ ရွက်ပြဦးမလားဆိုတာ စောင့်ကြည့်ရပါမယ်။

တစ်ကယ်တော့ Software Upgrade တွေပေးနေမယ့်အစား ဈေးတွေပိုသက်သာအောင် လုပ်ပေးလိုက်တာ User တွေအတွက်ပိုကောင်းတယ်လို့မြင်ပါတယ်။ ဒါပေမယ့် ဈေးချပေးဖို့ဆိုတာကတော့ Apple ဆိုတော့ သိတဲ့အတိုင်းပါပဲ။

image