22 w - Translate

(၁၄)နှစ်အရွယ် အာဆင်နယ်ပရိသတ်အတွက် (၁၄)မိနစ်မှာ ထွက်ပေါ်လာတဲ့ ဝမ်းနည်းခြင်းလက်ခုပ်သံ

ယခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ် အာဆင်နယ်(၃-ဝ)ဘုန်းမောက်ပွဲကစားရာ လန်ဒန်မြို့ရှိ အမ်းမရိတ်စ်ကွင်းအတွင်း ပွဲချိန်(၁၄)မိနစ်၌ ပရိသတ်များထံမှ လက်ခုပ်သံများထွက်ပေါ်လာခဲ့သည်။ ပရိသတ်အများစုက ပွဲကြည့်စင်ပေါ်တွင် မတ်တပ်ရပ်ခဲ့ကြပြီး R.I.P DANIEL ဆိုသည့် ကြီးမားသော စာတန်းကြီးကိုလည်း ပရိသတ်များအကြားတွေ့ခဲ့ရသည်။ယင်းမှာ ပြီးခဲ့သည့် အင်္ဂါနေ့က လန်ဒန်မြို့အရှေ့မြောက်အရပ်တွင် ကျောင်းသွားရင်း ဓားထိုးခံရ၍ သေဆုံးခဲ့ရသော အသက်(၁၄)နှစ်အရွယ်ကျောင်းသား ဒန်နီယယ်လ်အန်ဂျိုရင်အတွက် ပရိသတ်များက ဝမ်းနည်းကြောင်း ပြသခဲ့ကြခြင်းဖြစ်သည်။စပိန်-ဘရာဇီးလ်နိုင်ငံသားလက်မှတ်ကိုင်ဆောင်ထားသူ အသက်(၃၆)နှစ်အရွယ် မွန်ဇိုဟုအမည်ရသည့်သူတစ်ဦး၏ ဓားဖြင့်တိုက်ခိုက်မှုတွင် အန်ဂျိုရင်မှာ အသက်ဆုံးရှုံးခဲ့ပြီး ရဲ(၂)ဦးအပါအဝင် ကျန်လူ(၄)ဦးမှာ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ယင်းဖြစ်ရပ်မှာ ဖောက်ထွင်းမှုတစ်ခုကို မွန်ဇိုက ကျူးလွန်ခဲ့ရာမှဆက်စပ်ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ၎င်းအား လူသတ်မှု၊လူသတ်ရန်ကြံစည်မှု၊သူတစ်ပါးကို ထိခိုက်ဒဏ်ရာရစေမှု၊ ဖောက်ထွင်းမှု၊ချွန်ထက်သောလက်နက်ကိုင်ဆောင်မှု အစရှိသည့် စွဲချက်များဖြင့် ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရသည်။ကံဆိုးသူ အန်ဂျိုရင်၏ ကျန်ရစ်သူမိသားစုထံ ပရိသတ်ထောင်ပေါင်းများစွာက ငွေကြေးကူညီထောက်ပံ့မှုများ ပြုလုပ်နေကြောင်းလည်း သိရှိရသည်။

image