22 w - Translate

လူတစ်ယောက်နဲ့ပတ်သက်တဲ့အခါ
ငါတို့ဟာ အဲ့လူကိုအစဉ်အမြဲပိုင်ဆိုင်ပြီဆိုတဲ့
စိတ်ကို လျော့ရမယ်။
ဝေးသွားရင်တောင် ချစ်နေဦးမှာဆိုတဲ့ စိတ်ကို
ဖျောက်ရမယ်။
တကယ်လို့များ တခြားတစ်ယောက်နဲ့လက်ထပ်ဖြစ်ရင်တောင် ငါ့စိတ်ထဲကလူက မင်းပဲဖြစ်နေမှာပါဆိုတဲ့
စကားတွေက ဝတ္တုထဲလောက်ပဲ ဖတ်ကောင်းတယ်၊
ခံစားကောင်းတယ် ။

ချစ်ခြင်းမေတ္တာနဲ့ပတ်သက်တဲ့အခါ
အတ္တကင်းကင်းချစ်တတ်ဖို့ လိုတယ်။
ကိုယ့်ရဲ့ချစ်မေတ္တာကြိုးဟာ
သူများဘဝတွေကို ဖျက်စီးပစ်တာမျိုး၊သူများစိတ်နှလုံးကိုနာကျင်စေတာမျိုး မဖြစ်ဖို့လိုတယ်။

တစ်ခါတလေ လူတွေက ရသဦးစားပေးတဲ့ ဝတ္တုတွေအဖတ်များပြီး ပြင်ပလောကမှာလည်း အဲ့ဝတ္တုတွေထဲကအတိုင်းရှင်သန်လိုကြတယ်။လူ့ဘဝဆိုတာ
ဝတ္တုထဲကလိုမျိုး ပေါင်းဖက်ကြတဲ့နေရာမှာဖြစ်စေ၊
ဝေးကွာကြတဲ့နေရာမှာဖြစ်စေ
တစ်ခန်းရပ်ပစ်လို့ရတဲ့အရာမဟုတ်ဘူး။

ပေါင်းဖက်တဲ့နောက်မှာ အိမ်ထောင်ရဲ့သုခ၊ဒုက္ခကိုရမယ်။ဘဝကအခုမှစတယ်။
ကွေကွင်းတဲ့နောက်မှာလည်း ငါတို့ဟာ နောက်ထပ် လူတွေနဲ့ ထပ်တွေ့နေကြဦးမှာပဲ။
ဒါဟာ ဘဝပဲ ။

ငါတို့ လူသားပီပီသသ လုပ်ရမှာက
ငါတို့ပေါ် ကောင်းတဲ့လူကို ပြန်ကောင်းရမယ်။
ငါတို့ဆန္ဒနဲ့ကိုယ်တိုင် လက်တွဲယူထားတဲ့ချစ်သူ၊
အိမ်ထောင်ဖက်အပေါ် သစ္စာရှိရှိနဲ့ ချစ်မြတ်နိုးရမယ်။
ဒီနေရာမှာ ငါကဘယ်သူနဲ့လက်ထပ်လိုက်ပေမယ့်
ငါ့စိတ်ထဲမှာတော့ ဘယ်သူပါဆိုတာတွေက
သိပ်ရယ်ရတယ်၊ကလေးဆန်လွန်းတယ်။

ငါတို့ဟာ ကိုယ့်ခံစားချက်ကို
ကိုယ် ချုပ်ထိန်းနိုင်ရမယ်။
မေတ္တာပေးရမယ်၊သစ္စာပေးရမယ်၊ဒါတွေပေးနိုင်ပြီမှဆိုမှ ဘဝထဲကို လူသစ်တစ်ယောက်ကို ထပ်ခေါ်ရမယ်
တကယ်လို့ မင်းအနေနဲ့ တခြားလူတစ်ယောက်ကိုမမေ့နိုင်သေးဘူး၊စိတ်ထဲကမထုတ်နိုင်သေးဘူးဆိုရင်
မင်းတစ်ယောက်တည်းပဲ နေပါ၊
တစ်ယောက်တည်းပဲ ရှင်သန်ပါ ။

အဲ့လိုပဲ မင်းအတွက်မဟုတ်ဘဲ တခြားတစ်ယောက်ကို ရင်ဘတ်ထဲသိမ်းထားတဲ့ ခပ်ညံ့ညံ့လူတန်းစားတွေကိုလည်း ဝေးဝေးကရှောင်ပါ ။

ကိုယ့်ချစ်ခြင်းမေတ္တာကို တာဝန်မယူနိုင်တာက
တကယ့်လူညံ့တွေပဲလုပ်တာ...🖤

#nayvel

image