22 w - Translate

⚜️ Princess Charlotte of Wales ဟာဆိုရင် May 2 ရက်နေ့ 2015 ခုနှစ်တွင် London မြို့ရှိ St Mary’s ဆေးရုံမှာမွေးဖွားခဲ့တာပဲဖြစ်ပါတယ်။ Charlotte လေးဟာဆိုရင် Prince William နဲ့ Princess Catherine of Wales တို့ရဲ့ ဒုတိယမြောက်ကလေးဖြစ်ပြီး တစ်ဦးတည်းသော သမီးပဲဖြစ်ပါတယ်။ Charlotte လေးရဲ့နာမည်အပြည့်အစုံကတော့ Charlotte Elizabeth Diana ဖြစ်ပြီး သူမရဲ့ အဖွားနဲ့ Great Grandmother တို့ကိုအစွဲပြုပြီး Diana နဲ့ Elizabeth ဆိုတဲ့နာမည်လေးတွေကို ထည့်ပေးခဲ့တာပဲဖြစ်ပါတယ်။ Charlotte လေးဟာ အသက်ငယ်သော်ငြားလဲ သူမမိဘတွေနဲ့အတူ Royal Events တွေ၊ wedding တွေ၊ Trooping Colors ပွဲတွေကို အတူတက်ရောက်လေ့ရှိပြီး တစ်ခါတစ်လေမှာ Diana နဲ့တူတဲ့ အပြုအမူလေးတွေကြောင့် တိုင်းပြည်တစ်ခုလုံးကအပြင် တစ်ကမ္ဘာလုံးကပါ အချစ်ခံရတဲ့ မင်းသမီးလေးပဲဖြစ်ပါတယ်။ Charlotte လေးဟာတော့အခု Thomas’s Battersea ကျောင်းမှာ တက်ရောက်နေပြီး တစ်ခြားကလေးတွေလိုပဲ သာမန်ကလေးဘဝကို ပျော်ရွှင်စွာဖြတ်သန်းနေပါတယ်။ အသက်အရွယ်ငယ်လွန်းတာကြောင့် ကလေးတွေအကြောင်း အသေးစိတ်မသိရပေမယ့်လဲ Charlotte ဟာ အနာဂတ်မှာ ဘုရင်စနစ်ရဲ့အဓိကကျ​တဲ့နေရာကနေ ပါဝင်ပတ်သတ်ရမှာပဲဖြစ်ပါတယ်။

image