22 w - Translate

ဒုတိယကမ္ဘာစစ်ကာလက စာတွေကို မိသားစုတစ်စုထံ ၃၇၉ မိုင်ခရီးနှင်ကာ ရှာဖွေပေးပို့ပေးခဲ့တဲ့ စာပို့သမား
တက္ကဆပ်ပြည်နယ်က စာပို့သမားတစ်ဦးဟာ ဒုတိယကမ္ဘာစစ်ကာလက ပေးစာတွေကို မိသားစုတစ်စုထံပေးပို့ဖို့ မိုင် ၃၀၀ ကျော်ခရီးနှင်ခဲ့ပါတယ်။ Grand Prairie USPS စာပို့သမား အယ်ဗင် ဂေါသီယာက အဲဒီပေးစာတွေဟာ လက်ခံရရှိမယ့်မိသားစုအတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ သိတဲ့အတွက် အခုလို သွားပို့ပေးခဲ့တာပါ။ သူ တစ်နေ့အလုပ်စတင်တဲ့အချိန် ၁၉၄၂ ခုနှစ်ရက်စွဲနဲ့ စာတချို့တွေ့ရှိခဲ့တာကြောင့် အဲ့ဒီမိသားစုကို ရှာပြီး ပို့ပေးရမယ်ဆိုတဲ့ အတွေးပဲ ခေါင်းထဲဝင်လာခဲ့တာပါ။

စာမှာ အာကင်ဆောပြည်နယ်၊ ဂျက်ဆင်ဗီးလ်မြို့မှာ နေထိုင်တဲ့ "Mr. and Mrs Henry Lamb" ဆိုတာကလွဲလို့ အသေးစိတ်အချက်အလက်မပါခဲ့ပါဘူး။ အယ်ဗင်က KARK-TV ကို ဆက်သွယ်ခဲ့ပြီး သူတို့ရဲ့အကူအညီနဲ့ မိဘတွေထံ စာရေးသားပေးပို့တဲ့ စစ်သား မာရီဆန် လမ်ဘ်ရဲ့ညီမဖြစ်သူ ဂျိုအန်စမစ်သ်ကို ရှာတွေ့ခဲ့ပါတယ်။

ကယ်ဗင်က ခွင့်တစ်ရက်ယူပြီး အဲ့ဒီစာတွေကို ပေးပို့ဖို့ ၄ နာရီကြာ ခရီးနှင်ခဲ့ပါတယ်။ ကားအတွက် ဆီဖိုးနဲ့ ဟိုတယ်တည်းခတွေကို သူ့ရဲ့ကိုယ်ပိုင်ငွေတွေကို အသုံးပြုခဲ့တာပါ။ စာတွေနဲ့အတူ ဂျိုအန်စမစ်သ်ရဲ့အိမ်ရောက်သွားတော့ ဂျိုအန်က စာတွေမြင်ပြီး မယုံကြည်နိုင်ဖြစ်ခဲ့ရလို့ စိတ်လှုပ်ရှားက မျက်ရည်ဝဲမိခဲ့ပါတယ်။

သူ့အထက်က မွေးချင်းမောင်နှမ ၅ ယောက်က မရှိတော့တဲ့အတွက် ဒီစာတွေက သူ့အစ်ကို လုပ်ခဲ့တဲ့ စွန့်လွှတ်အနစ်နာခံမှုတွေရဲ့အမှတ်တရတွေဖြစ်ခဲ့ပါတယ်။ ဒီစာတွေကို အိမ်အရောက်လာပို့ပေးခဲ့တဲ့ အယ်ဗင်ကို ဂျိုအန်က ကျေးဇူးတင်မဆုံးဖြစ်ခဲ့ပါတယ်။

Ref: USPS Carrier Drives 379 Miles on His Own Dime to Deliver Lost World War II Letters: 'Above and Beyond'

image