22 w - Translate

လက်ထဲမှာ ထားရင်း အရည်ပျော်သွားနိုင်တဲ့ သတ္တု

အလွိုင်း (Alloy) လုပ်ရာမှာ အသုံးပြုတဲ့ ဂယ်လီယမ်သတ္တုဟာ အပူချိန် 29.76 ဒီဂရီစင်တီဂရိတ်မှာ အရည်ပျော်နိုင်စွမ်းရှိတာကြောင့် လက်ထဲမှာ ထားရင်း အရည်ပျော်သွားနိုင်တဲ့ သတ္တုတစ်မျိုး ဖြစ်ပါတယ်။

၁၈၇၅ ခုနှစ်မှာ ပြင်သစ်နိုင်ငံသား ဓာတုဗေဒပညာရှင် ပေါလ်အမ်မလီက စတင်တွေ့ရှိခဲ့တာဖြစ်ပြီး သူ့ရဲ့ symbol ကိုတော့ Ga လို့ ဖော်ပြပါတယ်။ အီလက်ထရောနစ်ပစ္စည်းတွေ ထုတ်လုပ်ရာမှာ အဓိက အသုံးပြုတဲ့ပစ္စည်းတစ်မျိုးဖြစ်ပြီး နည်းပညာအရ အလွန်အရေးပါတဲ့ အရာအဖြစ် သတ်မှတ်ခံထားရတာပါ။

Ref: Gallium

image