22 w - Translate

၁။ တစ်ယောက်ယောက်ကို
မကျေနပ်တဲ့ အခါ
တစ်နေ့ကျရင် ခွဲရမှာပဲလို့တွေးလိုက်ပါ။

ဒါဆိုရင်…
ဒေါသ မဖြစ်တော့ဘူး။

၂။ တစ်ခုခုကို
ဆုံးရှုံးသွားတဲ့ အခါ…
တစ်နေ့ကျရင် ပျက်ရမှာပဲလို့တွေးလိုက်ပါ။

ဒါဆိုရင်…
ရင်ဘတ်စည်တီး မဖြစ်တော့ဘူး။

၃။ ကိုယ်လိုချင်တာကို မရတဲ့ အခါ
လိုတရဘဝဆိုတာ မရှိဘူးလို့တွေးလိုက်ပါ။

ဒါဆိုရင်…
သောက မဖြစ်တော့ဘူး။

၄။ သူများရဲ့အမှားတွေကို တွေ့တဲ့အခါ
ငါလဲ မှားတတ်တာပဲလို့တွေးလိုက်ပါ။

ဒါဆိုရင်…
အပြစ် မမြင်တော့ဘူး။

၅။ အဆင်မပြေမှုတွေကို ကြုံရတဲ့အခါ
ဘဝဆိုတာ တိုက်ပွဲပဲလို့တွေးလိုက်ပါ။

ဒါဆိုရင်…
အပြုံး မပျက်တော့ဘူး။

အဲဒါကို (ယောနိသောမနသိကာရ)
ငြိမ်းချမ်းသော သင့်မြတ်စွာ
နှလုံးသွင်းခြင်းလို့ ခေါ်ဆိုပါတယ်။

Credit -
လောကမှာ ဘယ်အရာမှမတည်မြဲပါ။

image