22 w - Translate

(၂၂)နှစ်ကြာ ဖြတ်သန်းခဲ့တဲ့ ငယ်ဘ၀ကလပ်နဲ့လမ်းခွဲတော့မယ့် မာကိုရွိုင်းစ်

ဘိုရပ်ရှားဒေါ့မန်အသင်း၏ ဂျာမန်ကွင်းလယ်လူမာကိုရွိုင်းမှာ အသက်(၃၄)နှစ်အရွယ်ရှိပြီဖြစ်ပြီး သူ့ဘဝ၏ (၃)ပုံ(၂)ပုံနီးပါးခန့်ကို ယင်းကလပ်အသင်းတွင်သာ ဖြတ်သန်းခဲ့သူဖြစ်သည်။အသက်(၇)နှစ်အရွယ်(၁၉၉၆)မှ (၁၇)နှစ်အရွယ် (၂၀၀၆)ခုနှစ်အထိ ဒေါ့မန်လူငယ်အသင်းတွင် လူငယ်ကစားသမားတစ်ဦးအဖြစ် ကစားခဲ့သော ရွိုင်းစ်သည် (၂၀၀၆) မှ (၂၀၁၂) ခုနှစ်အထိ ရော့ဝိုက်အာလန်၊ မိုချန်ဂလာဘတ်အသင်းများတွင် ပြောင်းရွှေ့ကစားခဲ့သည်။ထို့နောက် (၂၀၁၂) ခုနှစ်တွင် ဒေါ့မန်အသင်းသို့ ပြန်လည်ရောက်ရှိလာကာ လက်ရှိအချိန်အထိ တစိုက်မတ်မတ် ကစားနေခြင်းဖြစ်သည်။ ယခု၎င်းက ယခုရာသီကုန်တွင် အသင်းနှင့်လမ်းခွဲတော့မည်ဟု အတည်ပြုခဲ့သည်။ အသက်(၃၄)နှစ်အရွယ် ရွိုင်းစ်က ဒေါ့မန်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် ယခုရာသီအကုန်တွင် အသင်းက ထွက်ခွာတော့မည်ဖြစ်ပြီး စာချုပ်သက်တမ်းထပ်တိုးတော့မည်မဟုတ်ဟု ကြေညာခဲ့ခြင်းဖြစ်သည်။လူငယ်ကစားသမားဘဝက (၁၀)နှစ်ကြာဖြတ်သန်းခဲ့ပြီး ပရော်ဖက်ရှင်နယ်ကစားသမားအဖြစ် (၁၂)နှစ်ကြာကစားခဲ့သော မာကိုရွိင်းစ်အနေဖြင့် ဒေါ့မန်အသင်းတွင် ပြိုင်ပွဲစုံ (၄၂၄)ပွဲကစားကာ (၁၆၈)ဂိုးသွင်းပြီး (၁၂၈)ဂိုးဖန်တီးပေးခဲ့သည်။သို့သော်သူ့အနေဖြင့် ဒေါ့မန်အသင်းနှင့် ဘွန်ဒက်စ်လီဂါအမှတ်ပေးချန်ပီယံဆုကို ရယူနိုင်ခဲ့ခြင်းမရှိဘဲ ပိုကယ်လ်ဖလား(၂)ကြိမ်နှင့် ဂျာမန်စူပါဖလား(၂)ကြိမ်သာ ရယူနိုင်ခဲ့သည်။ ဒေါ့မန်အသင်းတွင် ရင်းနှီးမြှုပ်နှံခဲ့သည့်အချိန်၊ ပြသခဲ့သည့်ခြေစွမ်းနှင့် ထိုက်တန်သော အောင်မြင်မှုကို မရခဲ့သည့် မာကိုရွိုင်းအနေနှင့် ကစားသမားဘ၀ ဆည်းဆာချိန်ကို ဘယ်အသင်းမှာ ဆက်လက်ဖြတ်သန်းမလဲ❓

image