22 w - Translate

ငါလည်း ငါ့နည်းငါ့ဟန်နဲ့
ငါတတ်သလောက် ကြိုးစားပြီး
ချစ်ခြင်းမေတ္တာကို ပြခဲ့ပါသေးတယ်
မင်းပဲမမြင်သွားတာလား ဒါမှမဟုတ်
ငါဆိုလိုတဲ့ အဓိပ္ပါယ်တွေကပဲ
မင်းဆီမရောက်ခဲ့တာလားဆိုတာ
ငါ့ကိုယ်ငါလည်း နားမလည်တော့ဘူး။

သေချာတာကတော့
မင်းဆီလာဖို့ ငါအားထုတ်ခဲ့တယ်
မင်းနဲ့နီးဖို့ ငါသေသေချာချာ
ရောက်လာခဲ့ဖူးတယ်ဆိုတာပါပဲ။

ဒီလိုပါပဲ မဆုံဖို့ကံပါလာရင်
ချစ်ခြင်းတရားဟာလွဲကိုလွဲရပါတယ် ။

image