22 w - Translate

ကိုယ့်ကိုယ်ကိုယ် မသနားမိစေနဲ့လောကမှာ ဒုံရင်းအတိုင်းနေပြီး
ဆင်ခြေထိုင်ပေးတဲ့သူက အဆိုးဆုံးပဲ။

နာကျည်းမှုဆိုတာ ကိုယ့်ရဲ့ ရွေးချယ်မှုပဲ၊ အပြောင်းအလဲ လုပ်ချင်ရင် ကိုယ့်ကိုကိုယ် သနားနေတာ အရင်ရပ်ဖို့လိုတယ်။

တစ်ခါမှ အနာမခံဘူးဘဲ အသာမစံရတဲ့ ဘဝကို အထွန့်မတက်နဲ့။နေ့စဉ် အပျံမလေ့ကျင့်ဘဲ မြင့်မြင့်မပျံနိုင်တဲ့ ကိုယ့်ရဲ့အတောင်တွေကို စိတ်မပျက်နဲ့။

တတ်နိုင်သလောက် မလေ့လာဘဲ အိပ်မက်တွေနဲ့ အလှမ်းဝေးတာ၊ လူအများစုထက် နှစ်ဆ မကြိုးစားနိုင်ဘဲ မအောင်မြင်တာကို မအံ့ဩနဲ့။

အိပ်မက်တွေ လက်တွေ့ဖြစ်ဖို့ ဘယ်အချိန်စရမလဲ စဉ်းစားနေရင် အခုချက်ချင်း စ၊ ဘယ်နေ့စရမလဲ တွေဝေနေရင် ဒီနေ့ကစပြီး အပြောင်းအလဲ လုပ်ဖို့လိုတယ်။

သာမန်လူ‌တွေ ပြည့်နေတဲ့ လောကကြီးမှာ အသာရဖို့ အင်မတန်လွယ်တယ်။ ကိုယ့်ရဲ့ တစ်နာရီက သူတို့ရဲ့ တစ်ရက်၊ ကိုယ့်ရဲ့ တစ်ရက်က သူတို့ရဲ့ တစ်ပတ်လောက်နဲ့ ညီမျှတဲ့ အားထုတ်မှုမျိုးဖြစ်အောင် ကြိုးစားပြဖို့လိုလိမ့်မယ်။

image